Tuesday, September 30, 2008

HAPPY BIRTHDAY MY SIS

ဇန်န၀ါရီ လလောက်နဲ့တူပါတယ်။ ကျွန်တော့် FYP project က Research and Development အပိုင်းမှာပါတော့ ဆရာက ပြောတယ် ကျွန်တော်တို့ Deparment က R&D project ၂ခုရွေးမယ်တဲ့။ ပြီးရင် အခြား Department တွေက အလားတူ project တွေနဲ့ ထပ်ပြိုင်ပြီး SP ကိုယ်စားပြု ၂သင်းရွေးမယ်။ သေချာလုပ်ပါလို့ အကြံပေးပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ ကျွန်တော့်တို့ FYP က School of Built Enviroment ရဲ့ ကိုယ်စားပြုရွေးခံရပါတယ်။ အကျိုးဆက်ကတော့ SP ရဲ့ Directors တွေကို presentation လုပ်ပြီး အခြား Department က project တွေနဲ့ ပြိုင်ရပါတယ်။ အခန်းက Directors board room လို့ထင်ပါတယ်။ ကျွန်တော် သွားကြည့်တော့ အခန်းရဲ့ ခမ်းနားချက်က ကျွန်တော့်ကို တုန်လှုပ်စေပြီး စိုးရိမ်စိတ်တွေ ၀င်လာပါတယ်။ အစကတည်းက ပြာတတ်တဲ့ ကျွန်တော့် ပိုဆိုးတာပေါ့ဗျာ။ ဆရာကလည်းပြောပါတယ် မျှော်လင့်ချက် သိပ်မထားပါနဲ့တဲ့ School of MM ကို ယှဉ်နိုင်ဖို့ မလွယ်ပါဘူးတဲ့။ သူတို့တွေတော်တော် များများက prototype တွေထုပ်ပြနိုင်တယ်တဲ့။ အင်းပေါ့ R&D ဆိုမှတော့ prototype ရှိတဲ့လူပိုသာမှာပေါ့။ ဒီလိုနဲ့ပဲ တကယ်နေ့ကို ရောက်လာပါတယ်။ လင်းထက်လည်း ပြာယာခတ်နေတာပဲ။ အဲ့ဒီအချိန်မှာ ကျွန်တော့် project လုပ်ဖော်ကိုင်ဖက်က အေးအေးပါပဲ ။ ကြည့်ရတာ ဘာစိုးရိမ်းစိတ်မှမ၀င်သလိုပါ။ သူက ပြာယာခတ်နေတဲ့ ကျွန်တော့်ကို စကားတစ်ခွန်းပြောပါတယ်။ “ငါတို့ လုပ်နိုင်သလောက်လုပ်ထားပြီးပြီ။ ဘာမှ ပူမနေပါနဲ့။ မရလဲ စောစောပြီးတာပေါ့လို့ ပြောတယ်။ အေး၂ဆေး၂ သာလုပ်ပါတဲ့” ကျွန်တော်သူပြောတဲ့စကားနဲ့ သူ့ပုံစံကိုကြည့်ပြီး အတတ်နိုင်ဆုံးစိတ်ကို လျှော့ချပါတယ်။ calm down လုပ်တာပေါ့။ ဒီလိုနဲ့ပဲ ကျွန်တော် ကျွန်တော့်ရဲ့ SP student life တစ်လျှောက် ကျွန်တော့်ရဲ့ အကောင်းဆုံး presentation တစ်ခုကို တည်တည်ငြိမ်ငြိမ်လုပ်နိုင်ခဲ့ပါတယ်။ သူသာ အဲ့လို့ ကျွန်တော့်ကို မပြောခဲ့ဘူးဆိုရင် လင်းထက် အရင်လို ပဲ ထစ်ထစ်ငေါ့ငေါ့ ဖြစ်ခဲ့မှာပါ။ အဲ့ဒီအချိန်မှာစပြီးအရာရာကို calm down လုပ်ပြီး ရင်ဆိုင်ခဲ့ပါတယ်။
ဒီနေ့ သူ့မွေးနေ့ပါ။ ကျွန်တော်ဒီကနေပဲ ဆုတောင်းလိုက်ပါတော့မယ်။
“အမ မွေးနေ့မှာပျော်ရွှင်ပါစေလို့ ကျွန်တော် ဒီကနေပြီးဆုတောင်းလိုက်ပါတယ်။”

Tuesday, September 02, 2008

Where are you?

လင်းထက်ဆိုတဲ့ လူတစ်ယောက် လင်းထက်ဆိုတဲ့ ကိုယ်ထဲမှ ပျောက်ကွယ်ခဲ့တာ ကြာပါပြီ။ သူ အမှတ်မထင် ထွက်ခွာသွားတယ်။ တိတ်တိတ်လေးပေါ့။ ပိုင်ရှင်မသိတာလဲပါမှာပါ။ သိလိုက်ရတဲ့အချိန်မှာတော့ မရှိတော့ဘူး။ ခွန်အား ဘယ်တော့မှ အရှုံးမပေးတဲ့ စိတ်ခွန်အား တစ်ခု ကို လင်းထက်က လင်းထက်ဆီက ယူပြီးထွက်သွားတယ်။ ဒါပေမယ့် ပိုင်ရှင်လင်းထက် သူ့ဆီမှာ ရှိတဲ့ အကြွင်းအကျန် ခွန်းအားနဲ့ ထွက်သွားတဲ့လင်းထက် ပြန်လာအောင်လုပ်ခဲ့တယ်။ တစ်ဖြည်းဖြည်းနဲ့ သူ ပြန်လာပြီလို့ထင်ခဲ့တယ်။ ပိုင်ရှင် လင်းထက် ပျော်တယ်။ ဒီတစ်ခါလည်း သူ သူ့ဘာသာသဲူပြန်ထနိုင်ပြီပေါ့။ ဒါပေမယ့် အချိန်ကြာလာတော့ ပိုင်ရှင်လင်းထက် သဘောပေါက်လာတယ်။ ပြန်လာသောလင်းထက် ကအတုကြီး။ အရင်လို့ မဟုတ်တော့ဘူး။ ခနခနလဲပြိုကျလာတတ်တယ်။ energetic မဖြစ်တော့ဘူး။ aggressive တွေ လျှော့လာတယ်။ careless အရမ်းဖြစ်တတ်လာတယ်။ Friendly မဖြစ်တော့ဘူး။ စိတ်ရှည်တတ်တဲ့လင်းထက် အနားမှာ စကားကျယ်ကျယ်လာပြောရင်တောင် စိတ်တိုတတ်လာတယ်။ မင်းဘယ်တော့ပြန်လာမှာလဲ လင်းထက်ရယ်။ ကြာရင် ငါပျောက်ကွယ်သွားမလားမသိဘူး။ ဟုတ်တယ်။

Monday, September 01, 2008

...

နင်ဟာ ငါ့အတွက် ထူးဆန်းလှပတဲ့ ကဗျာတစ်ပုဒ်ဖြစ်ပေမယ့် ငါဟာနင့်အတွက်တော့ အပြစ်အနာအဆာတွေပါတဲ့ ကာရန်မဲ့ ကဗျာတစ်ပုဒ်တောင်မဟုတ်ဘူးနဲ့တူပါတယ်

Tuesday, August 19, 2008

Memories of HIgh School Student's life 2

အားလုံးသိကြမှာပါ။ ကျွန်တော်တို့ကျောင်းတွေမှာ နှစ်တိုင်း စိမ်းလန်းစိုပြေရေးနေ့ ဆိုတာရှိပါတယ်။ တခြားကျောင်းတွေတော့မသိဘူး။ ကျွန်တော်တို့ အင်းစိန် အထက ၁ ကတော့ အဲ့ဒီနေ့ဆို ကျောင်းသွားတွေအားလုံးကို သစ်ပင်တွေ ပေါက်တူးတွေယူလာခိုင်းပြီး သစ်ပင်စိုက်ခိုင်းပါတယ်။ အပင်မျိုးစုံပေါ့။ ကျွန်တော် ၈ တန်းနှစ်တုန်းကပေါ့။ စိမ်လန်းစိုပြေ ရေးနေ့ မှာ မြို့နယ်ပညာရေးမှူး လာမယ်လို့ အတန်းပိုင်ဆရာမက ပြောပါတယ်။ အဲ့ဒီတော့ အဲ့ဒီနေ့ရောက်ရင် ၉ တန်း ကျောင်းသားတွေက ပေါက်တူးတူးပြီး အပင်စိုက်ထားရမယ်။ ၈တန်းကျောင်းသူကျောင်းသားတွေက ပညာရေးမှူးလာရင် ဟန်ပြ သစ်ပင်စိုက်နေတဲ့ပုံလုပ်ရမယ်တဲ့။ အိုကေပေါ့။ အဲ့ဒါနဲ့ အဲ့ဒီနေ့ ပညာရေးမှူးလာပြီလို့ အချက်ပြတာနဲ့ ကျောင်းသူကျောင်းသားအားလုံး ကိုယ်သတ်မှတ်ထားတဲ့ အပင်ဆီကိုပြေးပြီ ဟိုလုပ်ဒီလုပ် ယောင်ချာချာလုပ်နေကြတယ်။ လင်းထက်လည်း သတ်မှတ်ရာ အပင်ကိုပြေးတာပေါ့။ ကံဆိုးချင်တော့ ပညာရေးမှူးက ဟိုကြည့်ဒီကြည့်လုပ်ပြီး ကျွန်တော့်နားရောက်လာပါတယ်။ သူ့မျက်နှာကြည့်ရတာ ကျေနပ်နေတဲ့ပုံပါပဲ။ ကျွန်တော်လည်းသူ့ကိုမော့ကြည့်ပြီး ပြုံးပြလိုက်တယ်။ အဲ့ဒါမှားတာပါပဲ။ သူက ကျွန်တော့်ကို မေးပါတယ်။ မင်းစိုက်ထားတဲ့ အပင်ဘာပင်လဲတဲ့။ ကျွန်တော်လည်း သေပြီဆရာ။ သိမှမသိတာ။ ဘာဖြေရမလဲ စဉ်းစားတာပေါ့နော်။ နောက်က ဆရာကြီးမျက်နှာကလည်း ရှိသေးတယ်။ မသိဘူးလို့ ဖြေလိုက်ရင် ကျောင်း သိပ်ခါ ကျသွားမယ်။ ဘယ်ရမလဲ ချက်ချင်းပြန်ဖြေလိုက်တယ်။ “ကျွန်တော် စိုက်ထားတာ သစ်ပင်ပါလို့” ပညာရေးမှူးလည်း ပြုံးစိပြုံးစိနဲ့ပဲ ပြန်ထွက်သွားပါတယ်။ ဘယ်ရမလဲ လင်းထက်ပဲ။ ဟဲဟဲ။
မှတ်ချက်။ နောက်နေ့ကျတော့ အတန်းပိုင်ဆရာမက ဆူပါလေရော။

Monday, August 18, 2008

Nothing Special

ဘ၀ဆိုတာ အနိမ့်အမြင့်အတက်အကျ ရှိတယ်တဲ့ လူတွေပြောကြတယ်။ ဒီရေလိုပဲတဲ့။ ဒါဆို အဲ့ဒီ ဒီရေကြီးဟာ ကျွန်တော်တို့ကို ဟိုးအောက်ကိုရောက်အောင် ဆွဲချတာလို့သတ်မှတ်ရမှာပေါ့။ ပြီးတော့ အပေါ်ကိုလို့ အဲ့ဒီ ဒီရေကြီးကပဲ ပြန်တင်ပေးတာနဲ့တူတယ်။ ဒါပေမယ့် အဲ့ဒီ ဒီရေကြီးရဲ့ အဆွဲချခံရပြီး ပြန်အတက်မှာ ပြုတ်ကျသွားတဲ့လူတွေကကော။ နောက်ဒီရေကိုစောင့်ရမှာလား သို့မဟုတ် ကိုယ့်ဘာသာကို အထက်ကိုရောက်အောင် ပြန်ကြိုးစားရမှာလား။ အဲ့ဒီ ဒီရေ ကြီးက ဘယ်တော့မှပြန်မလာတော့ရင်ကော ။ ကျွန်တော်ပြန်ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်ပြန်ကြိုးစားတိုင်း ဒီရေ အကျနဲ့ ပဲ့ ကြုံနေတော့လည်း………………….

Friday, August 08, 2008

..............

တကယ်ရောက်တတ်ရောက်ရာေ၇းမှာပါ။ စိတ်တွေလေးနေလို့ပါ။
စိတ်ခံစားမှုဆိုတာ ကူးစက်တတ်တယ်ဆိုတာ ကျွန်တော် သိခဲ့တာတော့ကြာပါပြီ။ ဒီနေ့မှ စဥ်းစားမိတယ်။ ပျော်ရွင်မှုနဲ့ စိတ်ညစ်မှု နဲ့ မှာ ဘယ်ဟာက ကူးစက်မှု ပိုမြန်လည်းဆိုတာ စဉ်းစားမိတယ်။ ကျွန်တော် အဖြေတော့ထွက်လာတယ်ထင်တယ်။ ကျွန်တော့်အထင်တော့ ဘယ်သူ့ဆီက လာတဲ့ ပျော်ရွင်မှု သို့မဟုတ် ဘယ်သူ့ဆီက လာတဲ့ စိတ်ညစ်မှုဆိုတာနဲ့ ဆိုင်မယ်နဲ့တူတယ်။ အဲ့ဒီတော့ ကျွန်တော် ဒီနေ့ စိတ်ညစ်နေတယ်ဗျာ။

Wednesday, July 09, 2008

Dream

မနေ့ ညက အိပ်မက် တစ်ခုမက်တယ်။ ဘာရယ်မဟုတ်ဘူး ပြောပြချင်လို့ ဘလော့မှာတင်လိုက်တာ။
အိပ်မက်ထဲမှာ အရမ်းလှတဲ့ ပန်းပွင့်လေးတစ်ပွင့်ကို တွေ့တယ်။ချက်ချင်းလို ချင်တပ်မက်သွားတယ်။ ဒါနဲ့ သွားယူ မယ်ဆိုပြီး ပြင်လိုက်တာ အလယ်မှာ ချောက်ကြီးတစ်ခု ကိုတွေ့ကော။ ဒါပေမယ့် ဘယ်ရမလဲ ကြိုးတံတားတွေ ထိုးထားတော့ အဲ့ဒီကနေသွားမယ်ဆိုပြီး ကြိုးစားကြည့်တာ။ ဘာဖြစ်မှန်းမသိဘူးဗျာ အကုန် ပြတ်ကျကုန်တာ။ ဒါနဲ့ပဲ သွားလို့ကမရတော့ဘူး။ ဒါနဲ့ပဲ သွားလို့ရမယ့်လမ်းရှာကြည့်တာ လေပေါ်ကပျံမယ်ဆိုပြီး စဥ်းစားကြည့်တာ ပျံမှမပျံတတ်တာ။ နောက်ဆုံးတစ်လမ်းပဲ ရှိတယ် ဘယ်လောက်နက်မှန်းမသိတဲ့ ချောက်ထဲ ကနေဆင်းပြီသွားရမှာ။ ကျွန်တော်လည်းပန်းပွင့်ကို ဆုံးရှုံမခံနိုင်တာနဲ့ ချောက်ထဲ ဆင်းသွားတာပေါ့။
အဲ့ဒီမှာပြန်နှိုးလာတယ်ဗျာ။ အဆုံးထိဆက်မက်ရင်ကောင်းမယ်။
နောက်ဆက်မက်မှ ဆက်ရေးမယ်ဗျာ

Sunday, June 29, 2008

Beam prata

ပဲပလာတာ နဲ့ သူငယ်ချင်းတစ်ယောက်

စင်ကာပူမှာ အားလုံးသိကြတဲ့အတိုင်း ပဲပလာတာ မရပါဘူးဗျာ။ မြန်မာပြည်က ပဲပလာတာ မျိုးပေါ့။ အဲ့ဒီ ဟာနဲ့ ပတ်သတ်ပြီး ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကို ကျွန်တော် ဒီမှာ ချောက်ချဘူးပါတယ်။ သူက ဖြိုးသီဟအောင်ပါ ။ အားလုံးလဲသိမယ်နဲ့တူတယ်။
အဲ့ဒါတစ်ရက် ကျောင်းက foodcourt 1 မှာ မနက်စာစားတော့ ကျွန်တော် က ရိုးရိုးပလာတာမှာစားတာ။ အဲ့ဒါသူရောက်ချလာပြီးတော့ သူ ပဲပလာတာစားချင်တယ်တဲ့။ ကျွန်တော်လည်း သူ့ကို နောက်ချင်တာနဲ့ “ဟိုကုလားဆိုင်မှာရှိတယ်လို့ပြောတော့ ကျွန်တော့်ကိုပါခေါ်တယ် သူက” ကျွန်တော်လည်းလိုက်သွားတာပေါ့ ဒါပေမယ့် မင်းပဲမှာလို့ ပြောလိုက်တာ။ ဆိုင်လဲ ရောက်ရော မှာပါတယ်။ “bean prata” ရိှလားလို့ ။ အဲ့ဒီက ကုလားမကြီးက ကြောင်ပြီးကြည့်ပါတယ်။ ဟိုကောင်ကလည်းဆက်ပြောတယ် “bean prata” ကုလားမကြီးက ပြန်မေးပါတယ် “beaf prata” လားတဲ့။ ဟိုကောင်ကလည်း ထပ်ပြောတယ် “beam prata” ။နောက်ဆုံးတော့ သူလဲ လက်လျှော့ပြီး “beaf prata” ပဲယူလာခဲ့တယ်။ ကျွန်တော့်ကိုလဲ ဆဲလိုက်တာ စုံရော။

Thursday, June 26, 2008

Working Life


ကျွန်တော် အလုပ်လုပ်တာ နောက်လ ၁ရက်နေ့ ဆို ၃လပြည့်တော့ပါမယ်။ အဲ့ဒီတော့ အလုပ်လုပ်ရင်း ရလာတဲ့ ခံစားချက်လေးတွေ နည်းနည်းရေးကြည့်ပါမယ်။

ပထမဆုံးခံစားချက်ကတော့ မနက်အလုပ်သွားရင် ဒိုဗာ အမ်အာတီကို ရောက်ရင် ကျောင်းကြီးကို ကြည့်ကြည့် ပြီး ၀မ်းနည်းသလိုလို ဘာလိုလို ညာလိုလို ခံစားရပါတယ်။ ၈နာရီ ဒိုဗာ အမ်အာတီကို လွန်ခဲ့တဲ့ ၅လလောက်ကလည်းရောက် တာပဲ။ဒါပေမယ့် အဲ့ဒါကကျောင်းတက်တာ။ အခုကတော့ နောက်မှာကျန်ခဲ့တဲ့ ကျောင်းဝန်းကြီးကို လှမ်းငေးပြီး သက်ပြင်းချရတာ လည်း ၃လပြည့် ပါပြီ။
ကွန်မွန်းဝက် အမ်အာတီ ရောက်ရင်ခံစားရတာကတော့ စိတ်ညစ်စရာကောင်းပါတယ် ။ ၁၀၅ ကို စောင့်ရတာ။တစ်ခါမှ ကွက်တိမလာဘူး။ အနည်းဆုံး ၁၂မိနစ်တော့စောင့်ရတယ်။ မုန်းတယ် ၁၀၅ ရယ်။
အလုပ်ရောက်ရင်တော့ စပါပြီ။ ဘင်ဂလားစကားသံတွေ တရုပ်စကားသံတွေ။ တစ်ခါတစ်လေစိတ်ညစ်ရတယ်။ တစ်မနက်လုံး English လို တစ်ယောက်မှပြောဘူး။ သေချင်စော်ကိုနံရော်။ တစ်ရုတ်စာပဲသင်မလားလို့တောင် စဉ်းစားမိတယ်။ အဲ့ဒီ communication ကလည်း တစ်ခါတစ်လေ စိတ်ညစ်စရာကောင်းပြီ တစ်ခါတစ်လေ ကျပျော်ဖို့ကောင်းတယ်။ သူတို့ကို where are you going? လို့ပြောလို့ရဘူး။ You go where? လို့ပဲပြောရတယ်။ သြော် Singlish ဆိုတာ အခုမှ သေချာပြောဘူးတော့တယ်။ သူတို့ ပြောတာရှိပါသေးတယ်။ ကျွန်တော်က မေးတာပေါ့နော်။ Delivery come what time? ပြန်ဖြေတယ် ခင်ဗျ။ After တဲ့ ။ စစချင်းတော့နားလည်ဘူး။ နောက်မှသဘောပေါက်တယ်။ သူတို့ after က later နဲ့တူတူပဲဗျ။ သူတို့ဆိုတာ အလုပ်ကြမ်းသမားတွေကိုတင်ပြောတာဟုတ်ဘူ။။ တစ်ချို့တစ်ချို့ ကားအကာင်းစားကြီးတွေနဲ့ လာတဲ့ sub contractor တွေရဲ့ သူငှေးတွေလည်းပြောတာပါပဲ အဲ့လို။
စစ၀င်ဝင်ချင်း ရက်ကတော့ ရင်ကော့ပြီး နေတာ။ ဘာဖြစ်လို့လဲဆိုတော့ ငါ စာတတ်တယ်ပေါ့နော်။ အကုန်သိတယ်ဆိုပြီး ၀င်သွားတာ။ နောက် ၃ရက်လောက်လဲ ကျတော့ သိလာပါတယ်။ ငါဘာမှမဟုတ်ပါလားလို့။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ကို ဘာလာမေးမေး ဘယ်လိုလုပ်ရမလဲ မေးမေး ။ ဖြေစရာအဖြေမရှိဘူးဗျာ။ အဲ တစ်ခုတော့ ဖြေလိုက်တယ်။ I dun know လို့ ။ ဟီး ။
ဘယ်ရမလဲ လင်းထက် နောက်တစ်ပတ်ကြာတော့ အဲ့ဒီ အဖြေ ထက်တိုးတက်သွားပြီ။ I will check it လို့ပြန်ဖြေတာပေါ့။ ပိုပြီး လူအထင်ကြီးတာပေါ့နော် ဟီဟီ။
နောက်တာပါ။ တစ်လလောက်လဲကြာကော အဲ့ဒီ ထက် ပိုကောင်းသွားတယ်။ I will check it and get back to you လို့။ ပိုတော်လာပြီ။ ဟီဟီ။
နောက်တာတွေလည်းများသွားပြီ။ အဲတကယ်တော့ နောက်တာမဟုတ်ပါဘူး။ အတည်ပြောတာပါ။ ဒီလိုနဲ့ပဲ ကျွန်တော်လည်း ၁လခွဲလောက်ကြာတော့ အလုပ်မှာ အသားကျလာတယ်ပေါ့ဗျာ။ တစ်ရက် အေးအေးဆေးဆေး ပြန်စဉ်းစားကြည့်တော့ ကျွန်တော်သင်ခဲ့ရတဲ့ စာရဲ့ ၅ ရာခိုင်းနှုန်းလောက်ပဲသုံးရတယ်ဗျာ။ဥပမာ Drawing read တာ ကျန်တာက ။ ကိုယ် ဘယ်လောက်ကြိုးစားသလဲ။ ကိုယ်အလုပ်ပေါ်မှာ ဘယ်လောက် စိတ်ဝင်စားလဲ ပေါ်မှာမူတည်တယ်လို့ ခံစားလာရတယ်။ ကျွန်တော့် PM ပြောတာမှတ်မိပါသေးတယ်။ D.I.Y တဲ့။ အရှည်ကောက်ကတော့ Do It Yourself တဲ့။ ကျွန်တော့်ကို ပညာပေးတာပါ။ ကျွန်တော်အောက်မှာက Foreman ရှိသေးတယ်ဆိုတော့ ကျွန်တော်က ကျွန်တော်လိုချင်တာကိုပြောလိုက်ရင် Foreman ကအကုန်လုပ်ပေးတာကိုေ ပြာတာပေါ့။ PM က ဘာလုပ်လုပ် ကျွန်တော်လို အသစ်တစ်ယောက်အနေနဲ့ ကိုယ်တိုင်လုပ်လို့ပြောတာပါ။ အောက်သက်ကြေ အောင်ပေါ့ဗျာ။
ကျွန်တော် လုပ်ရင်းလုပ်ရင်းနဲ့ ကျွန်တော် ရဲ့ Job Scope ကိုနားလည်လာခဲ့တယ်။ Job Scope ကိုနားလည်လာလေလေ ကျွန်တော်သင်ခဲ့တဲ့ စာတွေက သုံးလို့မရလာလေလေဖြစ်တယ်။ ဥပမာဗျာ ကွန်ကရစ်မှာ ကျွန်တော် ဘာတွေပါလဲသိတယ်ဗျာ။ ဘယ်လိုဖျော်ရတယ်။ Plaster ကိုင်ရင် ဘယ်လိုဖျော်ရတယ်ဆိုတာ သင်ရိုးညွှန်းတန်းထဲမှာမပါဘူး။ ပြီးတော့ အလုပ်ထဲရောက်ရောက်ချင်း ကွန်ကရစ်လောင်းတာမှာ foreman က အောက်ဆုံးမှာ ဖော့ပြားကြီးခံလောင်းတော့ ကျွန်တော် အရမ်း စိတ်ညစ်သွာတယ်။ ဘာလို့ ကွန်ကရစ်ကို ခိုးတာလဲပေါ့နော်။ နောက်မှသိလာရတာက အဲ့လိုလုပ်မှ အောင်မှာ ရှိတဲ့ မြေကြိးဆီကို အားသိပ်ပြီးသက်ရောက်မှုမရှိတော့ဘူးတဲ့။ အဲ့လိုမျိုး ဟာတွေအများကြီးပဲ။ ကျွန်တော်ပထမတော့ စိတ်အရမ်းညစ်တယ် ငါဘာမှမတတ်ပါလားလို့ ။ ကျောင်းမှာ Distinction ဘယ်နှစ်ခုရရ အခု ဘာမှသုံးစားလို့မရပါလားလို့။ ဒါပေမယ့် ကျွန်တော် စိတ်ကို ပြန်ဖြေရတယ်။ နောက်ဆုံးကိုယ့်ဘာသာသတ်မှတ်လိုက်တယ်။ ကျွန်တော် ဒီပလိုမာ ရပြီး ဒီဂရီ မတက်ခင် နောက်ကျောင်းတစ်ကျောင်းထက်တက်တာပါလားလို့ သတ်မှတ်လိုက်တာ။ အဲ့လိုစိတ် လဲထားလိုက်မှပဲ နေတတ်သွားတယ်။ ဘာပဲကြည့်ကြည့်သင်ယူစရာကြီးပါပဲလို့။
စာမေးပွဲ လည်းရှိတယ်။ ကျောင်းမှာလို ၈ပတ်နေမှ တစ်ခါဖြေရတာဟုတ်ဘူး။ နေ့ တိုင်းဖြေရတယ်။ Sub contractor တွေလာမေးတာကို ဒိုင်ခံဖြေရတယ်။ On site ပြသနာတွေကို ဘယ်လိုဖြေရှင်းရမလဲ စဉ်းစားရတယ်။ ဟိုလေ Open book စာမေးပွဲ ပေါ့။ ဘေးမှာ Drawing ရှိတယ်။ ရှေ့မှာ တကယ်လုပ်ရမယ့်နေရာရှိတယ်။ ဘယ်လိုလုပ်ရမလဲ မသိသေးဘူး။ စဉ်းစားရတာပေါ့ ဖြေရှင်းရမယ့်နည်းလမ်းတွေ အများကြီး အဲ့ဒီထဲကမှ အကောင်းဆုံးနဲ့ အကုန်အကျဆုံးအနည်းဆုံးကို ရွေးရတာ။ မလွယ်ပါဘူး။
ပြီးတော့ အလုပ်မှာ အရေးကြီးတယ်လို့ ခံစားရတာက ကိုယ်နဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံမှုပါ။ ဆက်ဆံရေးကောင်းလေလေ ကိုယ့်အလုပ်အတွက်ကောင်းလေလေ။ သူများအလုပ်တွေတော့မသိပါဘူး။ ကျွန်တော့်အလုပ်မှာ Sub contractor တွေကို စကားရင့်ရင့်ပြောလို့ မရပါဘူး။ သူတို့စိတ်ဆိုးရင် သူတို့က ဘာမှမလုပ်ပေးချင်တော့ဘူး။ အသေကပ်တာ။ သူတို့လုပ်လို့ရရဲ့သားနဲ့ impossible ကြီးပဲပြောတာ။ အဲ့လိုဆို အလုပ်က မပြီးတော့ဘူး။ အဲ့ဒီတော့ ကောင်းကောင်းမွန်မွန် နဲ့ တစ်ခါတစ်လေ လည်း အအေးလေးဘာလေး တိုက်ရတာပေါ့။ တကယ်ပြောတာပါ ကျွန်တော့်အလုပ်မှာ boss ထက် ကျွန်တော့် ရဲ့ sub contractor တွေပိုအရေးကြီးပါတယ်။
ရေးတာလဲ ရှည်သွားပါပြီ။ နောက်မှဆက်ရေးပါမယ်။ ကြိုက်ရင်ပြောပါတယ်။
နောက်ဆုံးအနေနဲ့ ကျွန်တော် ထင်တဲ့ အယူအဆတစ်ခုကတော့
“To be a successful person, we must be good at Human management which will not be shown or taught at school. If we fail at this, we will never be a successful person”

Monday, March 17, 2008

Memories of High School Student's life

ကျွန်တော် post မတင်တာတော်တော်ကြာသွားပါပြီ အခုတော့ အထက်တန်းကျောင်းသားဘ၀ကို သတိရလို့ ရေးလိုက်ဦးမယ်ဗျာ

ကျွန်တော် ကျောင်းမှာ ၅တန်းကတည်းက အတန်းခေါင်းဆောင် ဖြစ်ခဲ့တာပါ။ ကို ပါလေယာ ပေါ့နော်။ အတန်းခေါင်းဆောင်ဆိုတဲ့အတိုင်း ထန်းပင်တက် လက်မှတ်ရတာပေါ့။ ရေပုံထမ်းလည်း လင်းထက်ပဲ။ သန့်ရှင်းရေးလုပ်လည်း လင်းထက်ပါရတာပါပဲ။ ကျွန်တော်ပြောချင်တာက အပတ်စဉ် သန့်ရှင်းရေးလုပ်ခဲ့တုန်းက အကြောင်းပါ။ အားလုံသိတဲ့အတိုင်း အခန်းတိုင်းမှာ အသင်း၅သင်းစီရှိပါတယ်။ တစ်သင်းတစ်ရက် အခန်းတည်းတံမြက်စီးလှဲ ပေါ့။ ကျွန်တော်က အဖြူအသင်းမှာပါ။ အဲ့ဒီမှာ ကောင်မလေးတစ်ယောက်ပါပါတယ်။ အသားကဖြူဖြူ ။အဲ ချောတော့မချောဘူးဗျ။ ကိုယ်လုံးကအဲ့ဒီတုန်းက ကျွန်တော်နဲ့ ဆိုက်တူပေါ့နော်။ ကျွန်တော်တို့ ကသူ့ကို ပေါင်မုန့် လို့ခေါ်တယ်။ သူတို့က အဲ့ဒီတုန်းက ပေါင်မုန့်ဆိုင် အကြီးကြီး ဖွင့်ထားတာပေါ့နော်။ အဲ့ဒါကြောင့်လည်း ပေါင်မုန့်လို့ခေါ်တာ။ အဲ့ဒီနေ့က သူလည်း သန့်ရှင်းရေးလုပ်တဲ့ထဲပါတာပေါ့။ အဲ့ သူက လင်းထက်ကို အဲ့ဒီကတည်းက အမြင်ကတ်နေတာ။ဘာလို့လဲတော့သိဘူးဗျ။ စာတော်လို့လဲ ဟုတ်နိုင်ဘူး။ အဲ့ဒီတုန်းက ကျွန်တော် စာအရမ်းညံ့တာ။ ဒီလိုနဲ့ အဲ့ဒီနေ့က သန့်ရှင်းရေးလုပ်ပြီး တံမြက်စီးတွေ ဂေါ်ပြားတွေ ပြန်သိမ်းတာပေါ့။ အဲ့ဒီမှာစဖြစ်တာပါ။သူက သန့်ရှင်းရေးလုပ် ကတည်းက မျက်နှာကြီးနီနေပြီ။ သိတယ်မလား အတန်းခေါင်းဆောင်ဆိုတော့ သူများတွေကို အတင်းခိုင်းတာပေါ့။ သူကလည်းတင်းနေတာ ကွန်ပလိမ်းတက်လို့လည်းရဘူးလေ။ ဆရာမက ကျွန်တော့်ကို back up လုပ်ထားတာဆိုတော့။ ဒါနဲ့ အဲ့လိုပြန်လည်းသိမ်းရော ဗီဒိုတံခါးဖွင့်ပေးပြီး သူနဲ့သူ့သူငယ်ချင်းကို တံမြက်စီးတွေထည့်ခိုင်းတာပေါ့။ ကျွန်တော် က လည်းဗျာ အဲ့ဒီနေ့ က ဖြစ်ချင်တော့ ကျူရှင်ကတန်းလာတော့ ထမင်းဘူးလည်းမယူလာရဘူ။ ဒါနဲ့ ပေါင်မုန့်လေး တစ်လုံး ၀ယ်လာတာပါ။ သူတို့ အဲ့လိုသိမ်းနေတုန်း ကျွန်တော်လည်းအဲ့ဒါလေးကို ထုတ်စားတာပေါ့။ သူငယ်ချင်းတွေတောင်စားမလားမေးလိုက်သေးတယ်။အဲ့ဒါ ကျွန်တော်ကို ကြည့်ပြီး ဘယ်လိုသဘောပေါက်သွားလည်းမသိဘူး။ “နင် ငါ့ကို မရိနဲ့တဲ့ဗျာ”. သြော်ကျွန်တော်ကလည်းသူ့ကို သန့်ရှင်းရေးလုပ်ကတည်းက ပေါင်မုန့်လို့ ခနခန ခေါ်နေတာကို။ ဒါနဲ့ ကျွန်တော်ကလည်း “နင်မဟုတ်ရင် မနာနဲ့” လို့လည်းပြောလိုက်ကော မျက်နှာကြီးနီပြီး မျက်ရည်တွေ ကျလာတယ်ဗျာ။ ပြီတော့ ဆရာမကိုသွားတိုင်တယ်။ သေရာ။ အဲ့ဒီနေ့ က ဆရာမကိုဘယ်လိုမှရှင်းပြလို့မရဘူး။ ဒါနဲ့ပဲ လင်းထက် ၃ ချက်တိတိ ကြိမ်လုံးနဲ့ ဆော်ခံရပါတယ်ဗျာ။ ။

(မှတ်ချက်။ ။ ဆရာမကနောက်နေ့ကျတော့ပြောပါတယ်။ဟိုကောင်မလေးအငိုတိတ်အောင်ပါတဲ့)

Wednesday, September 05, 2007

Me and Yangon


လင်းထက်နှင့် ရန်ကုန်က ဒီနေ့

လင်းထက် ရန်ကုန်ပြန်ရောက်နေပါပြီ။ အင်းရောက်တာကတော့ ၃ရက်နေ့ကတည်းကပါ။ ဒါပေမဲ့ အိမ်က အုပ်ချုပ်သူရဲ့ခွင့်ပြုချက်မရသောကြောင့် ၂ရက်လောက် အိမ်တွင်းပုန်းလုပ်နေရပါတယ်။ ဒါပေမယ့် ဒီနေ့ အလျှောက်ကောင်းမှုကြောင့် အပြင်ထွက်ခွင့်ရပါတယ်ဗျာ။ မြို့ထဲက ၁၀ လမ်းထဲကိုပါ။ အကိုလတ်ကလည်း တရုတ်တန်းဆို မုန့်တွေစားလို့ရတယ်ဆိုပြီး လိုက်တယ်ခင်ဗျ။ ကောင်းတာပေါ့ဗျာ ဒကာခံတဲ့လူပါတယ်ဆိုတော့ ။ အဲ့ဒါနဲ့ အိမ်က ကား နဲ့ထွက်ခဲ့ပါတယ်။ အပြင်ရောက်တယ်ဆိုတာ နဲ့ မိုးနတ်မင်းကြီးက ညစ်ပတ်တယ်ခင်ဗျာ။ မိုးတွေအုံ့လာပြီး အသည်းအသန်ရွာပါတယ်။ ဒါနဲ့ ကားကလည်းမကောင်း လမ်းတွေကလည်းပိတ်နဲ့ဆိုတော့ ၁နာရီလောက်ကြာပါတယ် ၁၀လမ်းကိုရောက်ဖို့။ အဲ့ဒီကိုရောက်တော့ ယူစရာရှိတာယူ ပြီး အကို က ပေါက်စီကောင်းတဲ့ဆိုင်ကိုခေါ်သွားပါတယ်။ ခုနှစ်လွာပေါက်စီပါ။ အဲ့ဒီမှာ ပြသနာစတာ။ ရန်ကုန်ကို ရောက်ကတည်းက လင်းထက် ဖိနပ်မရှိပါဘူး အိမ်က တွေ့တဲ့ဖိနပ်ကို ယူစီးတာ။ ဒီနေ့လည်း တွေ့တဲ့ဖိနပ် စီးလာတာပါ။ အဲ့ဒါ အခု ပေါက်စီဆိုင်ကို မိုးရေထဲမှာလမ်းလျှောက်တော့ ဖိနပ်က အချက်ပေးပါတယ်။ အပေါ်က ခင်းထားတဲ့ဖိနပ်ခင်းက ကွာလာပါတယ်။ ဒီလိုပဲ ထိန်းပြီးလျှောက်တာ ပေါက်စီဆိုင်ကိုတော့ရောက်ပါတယ်။ စားပြီး မှသတိရတာက ကားကိုဘယ်နားရပ်ထားခိုင်းမှန်းမသိဘူး။ သိတဲ့အတိုင်းပဲ အဲ့ဒီနားက ရှုပ်တယ်လေ။ ကဲမထူးပါဘူး ဆိုပြီး ညီအကို ၂ ယောက် ဆိုင်ထဲက ထွက်ကာ ကားရှာပုံတော်ဖွင့်ပါတယ်။ ၃ လှမ်းလားလျှောက်ရသေးတယ် ဖိနပ်က အပေါ်ကအခင်းကွာရုံမက ပြတ်ပါထွက်သွားတာ။ ဘယ်လိုမှစီးလို့မရတော့တာ။ အကို က အကြံပေးပါတယ် ရပ်စောင့်နေပါတယ်။ ကျွန်တော် ကလည်း စကားနားထောင်ပါတယ်။ မစောင့်ပါဘူး ။ ဆက်ရှာပါတယ်။ ဘာဖြစ်လဲဆိုပြီ ဖိနပ်ကို ချွတ်ပြီး လျှောက်ပြစ်တာ။ စံပြ ရုပ်ရှင် ရုံကနေ ရွေပုဇွန် အထိလောက်လျှောက်တာ ကားကိုလည်းမတွေ့ပါဘူး။ အခုမှသတိထားမိတာက လူတွေ က ကွက်ကြည့် ကွတ်ကြည့် နဲ့။ အခုမှ ရှက် ရမှန်းသိတယ်။ ဖိနပ်မပါဘဲ အဲ့ဒီနားမှာ မိနစ်၂၀ေ လာက် မိုးရေထဲမှာခေါက်တုံ့ခေါက်ပြန် လျှောက်ခဲ့ရပါတယ်ဗျာ။

Sunday, August 19, 2007

Going back to Yangon

လင်းထက် ရန်ကုန်ပြန်တော့မယ်


ဟုတ်ကဲ့ မောင်လင်းထက်ရန်ကုန်ပြန်ပါတော့မယ်။ မပြန်ရတာ တစ်နှစ်နီးနီး ရှိပြီပေါ့။ ဒုတိယနှစ်ဝက်ပြီးတစ်ခေါက်ပြန်ထားတာပါ။ အခု တတိယနှစ်ဝက်ဆိုတော့ တစ်နှစ်ရှိပြီ။ ဒီတစ်ခေါက် ပြန်တာက ၁၇ ရက်ပဲ ရှိမှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ မသွားခင် ဖိုင်နယ်ရီးယား ပရောဂျက်လုပ်မလို့။ ဟီး supervisor တွေကို တော့ မပြောရသေးဘူး ပြန်မယ်လို့။ သွားပြောရင် ပြန်ခိုင်းပါ့မလားမသိဘူး။ မပြောတာပဲ ကောင်းပါတယ်။ ဒီတစ်ခေါက်ပြန်ရမှာပျော်ဆုံးပဲ ဘာဖြစ်လို့လဲ ဆိုတော့ ဒုတိယနှစ်ရဲ့ ဒုတိယ ပိုင်းကို တက်ကတည်းက မနားရသေးဘူး။ စိတ်ကောလူကောပင်ပန်းနေပြီ။ အဲ့ဒီတော့ ဒီတစ်ခေါက်ပြန်တာကို ရက်နည်းပေမယ့် meaningful ဖြစ်တဲ့အရာတွေ ပဲလုပ်ရမယ်။ အဲ့ဒါနဲ့ လုပ်ချင်တဲ့ အရာတွေကို ချရေးကြည့်လိုက်တယ်
1. ပထမဆုံးလုပ်ရမှာက အဖေ၊အမေနဲ့ စကားတွေပြောရမယ်။(ဖားတာပေါ့ ဟီး)
2. ပြီးရင် ရွေတိဂုံဘုရားသွားဖူးရမယ်။(သာဓုခေါ်ကြနော်)
3. မုန့်ဟင်ခါးစားမယ်။ ဘယ်နားလဲတော့မသိဘူး။ မူလတန်းကျောင်းတည်းကမုန့်ဟင်ခါး။အရမ်းကောင်းတယ်။ပြန်လာမှာ လိပ်စာပြောပြမယ်
4. သူငယ်ချင်းတွေနဲ့ လက်ဘက်ရည်ဆိုင်ထိုင်မယ်။ စကားတွေပြောမယ်။ ပြီးရင်ဟိုငေးဒီငေးပေါ့ ဟီး
5. ၁၀တန်း ၉ တန်း ကျူရှင်ဆရာ ဆရာမတွေနဲ့သွားတွေ့ရမယ်။ (ဟာ အခုမှသတိရတယ်။ သူတို့ အတွက် လက်ဆောင်တွေဝယ်ရဦးမယ်။)
6. သြော်မေ့လို့။ ကြေးအိုးသောက်မယ်။(ဈေးတော့ အရမ်းကြီးနေတယ်ပြောတယ်။ ဘာပဲ ဖြစ်ဖြစ် စားမှာပဲ)
7. ပြီးရင် လင်းထက်အကြိုက် ဆုံး အင်းစိန်မြို့သစ် က-၅ လမ်းထိပ်က ၀က်သားတုတ်ထိုးစားမယ်။(အင်းစိန်က ဟာဆိုလို့ အထင်မသေးနဲ့ အရမ်းကောင်းတယ်)
8. ပြီးရင် အဖေနဲ့ ဆိုက်ထဲ လိုက်ပြီး လေ့လာမယ်။(အဟီး သိပ်ကြိုးစားတယ်မထင်နဲ့ အဲ့ဒီလိုလိုက်မှ လိုချင်တာပူစာလို့ရမှာ)
9. အဲ့ လိုချင်တာဆိုလို့ တစ်မျိုးမထင်နဲ့။ ဘောလုံးကန်ဖိနပ်ကိုပြောတာ။ ဈေးသက်သာလို့။
10. အဲ အဖွားတွေကိုမေ့နေပြီ။သူတို့ကို သွားတွေ့ရမယ်။။ ပြီးရင် သူတို့ ကိုကန်တော့ရမယ်။
11. ပြီးရင် တခါတည်း အဖွားအိမ်နားက ဘဘနဲ့သွားပြီးစကားတွေပြောမယ်။ အဲ့ဒီဘဘ က ကျွန်တော် ရဲ့ကျေးဇူးရှင်။ အတိုင်ပင်ခံပေါ့။
12. ကျွန်တော် ရဲ့ အထက်တန်းကျောင်းတော်ကြီးဖြစ်တဲ့ အ.ထ.က (၁) အင်းစိန်ကိုလည်း မေ့လို့မဖြစ်ဘူး။ သွားပြီး ကြည့်ရမယ်။ကျွန်တောတို့ ၉တန်း ၁၀တန်းတုန်းက ကျောင်းပြေးရင် ကျော်တဲ့ တံတိုင်းကြီး ကိုမြှင့်ထားပြီလားမသိဘူး။ သနားပါတယ် အခုတက်နေတဲ့ ကျောင်းသားတွေ ကျော်လို့မရတော့ဘူး
13. နောက်ဆုံး လုပ်ချင်တဲ့ ဟာကတော့ ငပလီ ကမ်းခြေကိုသွားချင်တာပါ။ အရမ်းသာယာငြိမ်းချမ်းပြီး ကျွန်တော်သွားနေကြနေရာလေးပါ။ဒါပေမယ့် မဖြစ်နိုင်ပါဘူး။ အခုမိုးရာသီလေ တော်ကြာအပန်းမဖြေရဘဲ ရေနစ်ပြီးနေဦးမယ်

လောလောဆယ်စဉ်းစားလို့ရတာကတော့ ဒါပါပဲ။ နောက်စဉ်းစားလို့ရမှဆက်ရေးဦးမယ်။

Saturday, August 11, 2007

Missing you

ချစ်သူ
မနေ့ညက ချစ်သူကို
ရင်ခွင်တစ်ခုလုံး စုတ်ပြတ်သွားလောက်အောင်
လွမ်းနေတာပါ ချစ်သူ
။ ။

Shopping

မိန်းကလေးနှစ်ယောက် shopping centre သွားခြင်း

မိန်းကလေး ၂ယောက် shooping centre သွားတာကို အခြေခံပြီးရေးမယ့် ဟာလေးပါ။ ရှင်းအောင် မဖြူနဲ့ မနီ လို့ နာမည်ပေးလိုက်မယ်။ မဖြူက ပိုက်ဆံအိတ် သွားဝယ်တယ် ထား။ မနီကတော့ ဖိနပ် သွားဝယ်တယ် ပေါ့နော်။
အဲ့ဒါနဲ့ သူတို့ နှစ်ယောက် ပထမဆုံး ပိုက်ဆံအိတ် ဆိုင်ကို ၀င်သွားတယ်။
မဖြူ ။ ။ ဟဲ့ မနီ ငါ ဘယ်လို ပိုက်ဆံအိပ်ဝယ်ရင် ကောင်းမလဲ ဟင်။
မနီ ။ ။ ဒါလဲ လှတယ် ဟ။ (မနီက ပိုက်ဆံအိတ်တစ်လုံးကို လက်ညိုး ထိုးလိုက်သည်)
မဖြူ ။ ။ ဟင် ဟုတ်လား။
မနီ ။ ။ အင်း။ (သူတို့ပိုက်ဆံအိတ်ကို ကြည့်နေရင်းမှ)
မနီ ။ ။ဟယ် မိဖြူ ဒီမှာလာကြည့်စမ်း။ ဒီဟာက ပိုလှတယ် ဟ
မဖြူ။ ။ အေး ဟုတ်တယ်နော်။ ဒါပေမယ့် အရောင် ကိုငါသိပ်မကြိုကဘူး
မနီ ။ ။အောင်မလေး ကောင်မရယ်။ အရောင် များရွေးလို့ ရပါတယ်
မနီ ။ ။ ရော့ရော့ ဒီအရောင်လေး ကောင်းတယ်
မဖြူ။ ။ အင်း မဆိုးဘူး။ ဟဲ့ နင်သေချာတယ်နော် ဒီအရောင်လှတာ။ ငါနဲ့ လိုက်ရဲ့လားကြည့်ပါဦး
မနီ။ ။တကယ်ပြောတာပါဟ
မဖြူ။ ။ဒါဆို ငါယူလိုက်ပြီနော်
အဲ့ဒါနဲ့ ပဲ မဖြူတစ်ယောက် မနီ ကြိုက်သော ပိုက်ဆံအိပ်အား ၀ယ်လိုက်ပါသည်။
ပြီးတော့ သူတို့နှစ်ယောက် မနီဖိနပ် ၀ယ်ရန် ဖိနပ်ဆိုင်သို့ ၀င်သွားပါသည်။
မနီ။ ။ ဟယ် ဒီဖိနပ်လေး လှတယ်နော်။
မဖြူ။ ။အာ မလှပါဘူး နင်ကလဲ။ လာလာ ဒီမှာ လှတာ။တွေ့လား ဖဲပွင့်လေးနဲ့
မနီ။ ။ဟင်ဟုတ်လား။နင်သေချာတယ်နော်
မဖြူ။ ။သေချာပါတယ်။ ဒါပေမယ့် အဲ့ဒီအရောင်မယူနဲ့
မနီ။ ။ဒီအရောင်လေး လှပါတယ်ဟာ။ နင်ကလည်း
မဖြူ။ ။ မလှပါဘူး။ ဒီအရောင်ယူ။ အနီရောင်လေး ပိုလှပါတယ်။
မနီ။ ။နင်သေချာတယ်နော်။ ငါယူပြီနော်
အဲ့ဒါနဲ့ သူတို့ နှစ်ယောက် ဆိုင်ထဲမှ ပြန်ထွက်လာကြပါသည်။

အပေါ်မှ စာများမှ ထူးခြားချက်ကို သင်တို့ တွေ့ပါသလား။ ကျွန်တော် တွေ့ပါသည်။ မဖြူဝယ်မယ့် ပိုက်ဆံအိတ်ကို မဖြူက သူ့အကြိုက်ဦးစားမပေးဘဲနဲ့ မနီ ကြိုက်တဲ့ ဟာဝယ်ပါသည်။ မနီကြတော့ကော။ မဖြူ ရွေးပေးတဲ့ ဟာကို အတင်းယူလာတယ်။သူကြိုက်မကြိုက်တော့ သူသာသိပါမည်။ ကျွန်တော်တွေးမိတာတစ်ခုကတော့ မိန်းကလေးများ တစ်ခုခုဝယ်ရင် အဲ့ဒီလိုပဲ သူများကိုမေးပြီး ၀ယ်ကြတယ်နဲ့တူတယ်။ သိသောမိန်းကလေးများ ၀င်ရောက် ရန်ဖြစ်… အဲ အဲ မှားကုန်ပြီ။ ၀င်ရောက်ဆွေးနွေးနိုင်ပါသည်။
မှတ်ချက်။ ။မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စေလိုသော အတွေးမရှိပါ။

Wednesday, July 25, 2007

Directionless writing


2007 ခုနှစ် ဒီလ(july) လဟာ ကျွန်တော့်အတွက် တကယ် ကံဆိုးမိုးမှောင်ကျတဲ့လပါ။ ဘာတွေမှားနေမှန်းမသိဘူး။ မှန်အောင်ပြန်ကြိုးစားခဲ့တယ်။ ထပ်မှားတယ်။ စွပ်စွဲတာလဲခံခဲ့ရတယ်။အထင်သေးတာလည်း ခံရတယ်။ ကျွန်တော် ဘ၀မှာ လူတွေ အထင်သေးခံရတာအမုန်းဆုံးပဲ။ ဒါပေမဲ့ဒီတစ်ခါ အထင်သေးခံရတာကို ကျွန်တော် လက်ခံပါမယ်။ ကျွန်တော်ရှေးကပြုခဲ့သော အပြုအမူ တွေကြောင့်ခံနေရတာပါ။စိတ်လည်းပင်ပန်းနေပါပြီ လူလည်းပင်ပန်းနေပါပြီ။ အခုလုပ်ချင်နေတာ တစ်ခုပဲ ရှိတယ်။ ဘောလုံးကန်ချင်တယ်။ဖြေးဖြေးမဟုတ်ပါဘူး။အားပြင်းပြင်းနဲ့ပါ။ ကြုံးတုန်းတစ်ခုပြောရဦးမယ်။အဲ့ဒီ နည်းကို စမ်းကြည့်ပါ။ စိတ်တွေမွန်းကြပ်နေရင် ဘောလုံးတစ်လုံးကို အားပြင်းပြင်းနဲ့ဆက်တိုက်ကန်ကြည့်ပါ။ တော်တော် သက်သာသွားပါလိမ့်မယ်။ မကန်ဘူးတဲ့လူ မကန်တတ်တဲ့လူလည်း စမ်းကြည့်လို့ရပါတယ်။ အခုတော့ ကျွန်တော် ဘောလုံးမကန်နိုင်သေးဘူး။ စာမေးပွဲ အရမ်းနီးလာလို့။

Wednesday, July 18, 2007

Easiest way to type in myanmar

မြန်မာလို ရိုက်ချင်ပေမဲ့ မြန်မာ လို မရိုက်တတ်ဖြစ်နေကြတဲ့လူတွေ အတွက် ကျွန်တော်ဒီ software တစ်ခုရှာတွေ့လို့ link တင်ပေးလိုက်ပါတယ်။ အရမ်းလွယ်ပါတယ်။ burglish လို ရိုက်လိုက် ရင်ပဲ အောက်မှ ရွေးစရာ မြန်မာ စာလုံးများပေါ်လာပါလိမ့်မယ်။ပြီးတာနဲ့ copy to clip board ခလုပ်ကို နှိပ်ပြီး microsoft word မှာ သွားပြီး copy လုပ်လိုက် ရင် အဆင်ပြေ သွားပါလိမ့်မယ်။ link က ဒီမှာပါ။
http://www.studioamk.com/en2mm.htm

just thinking,

တွေးစရာလေးတစ်ခု

ကျွန်တော် ငယ်ငယ်ကတည်းက တွေးထားတာတစ်ခုရှိပါတယ်။ သူငယ်ချင်းတော်တော်များများကို လည်း ပြောပြဘူးပါတယ်။သူငယ်ချင်းတွေက တော့ အားပေးပါတယ်။ မင်းက ငကြောင် ပဲတဲ့။ ဟုတ်ကဲ့ အဲ့ဒီတော့ စာဖတ်သူတို့ လည်းတွေးပြီး ဆုံးဖြတ်ပေးကြပါဦး။ ဒီမှာပါ
Let says လူတစ်ယောက် lift စီးတယ် ဆိုကြပါဆို့။ ၁၀ထပ်ရောက်ခါနီးမှာ lift က ကြိုးပြုတ်ပြီး အောက်ကို ပြုတ်ကျသွားတယ်။ အဲ့ဒီ လူဘာမှမဖြစ်နိုင်ပဲ ထွက်လာနိုင်မလား။ ဟုတ်ကဲ့ကျွန်တော် ပြောတဲ့အတိုင်း လုပ်မယ်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ lift အောက် ကိုမရောက်ခင်(just before it reaches to base) မှာ အဲ့ဒီလူအပေါ်ကို နည်းနည်း ခုန်လိုက်မယ် ဆိုရင် ဘာမှဖြစ်မှာမဟုတ်တော့ဘူးလေ။ lift ကို သူ ဘာနဲ့မှမထိတော့ဘူးလေ။ ဘယ်လိုထင်ကြသလဲဟင်။ မှန်းလား မှားလား ကျွန်တော်စဉ်းစားတာ။

Monday, July 16, 2007

Thank you

ကျေးဇူးတင်ပါတယ်။
ကျွန်တော် လွန်ခဲ့တဲ့ ၁ ပတ်လောက်တုန်း က ဘာတွေ ကံဆိုးနေမှန်းမသိဘူး။ စိတ်ညစ်စရာတွေအများကြီး ကြုံတွေ့ခဲ့ ရတယ်။ ဘ၀မှာ အဲ့ဒီလောက် ဘယ်တုန်းကမှ စိတ်မညစ်ဖူးဘူး။ ကျွန်တော် ဒီကနေ ထွက်ပြေးချင်စိတ်ပေါက်သွား ရလောက်အောင်စိတ်ညစ်ခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော်စိတ်ညစ်တာကို ဘယ်သူကိုမှ ထုတ်ဖော်မပြောခဲ့ပါဘူး။ ကျွန်တော်ကို နားအလည်ဆုံးလူကလည်း ကျွန်တော် ကို နားလည်မှုမပေးနိုင်ခဲ့ပါဘူး။ ၀မ်းနည်းတယ်။ဒေါသထွက်တယ်။ အဆိုးရွားဆုံးည တုန်းကဆိုရင် ကျွန်တော် စကားတောင် မပြောနိုင်ခဲ့ပါဘူး။
ဒါပေမဲ့ အဲ့ဒီအချိန်မှာ ကျွန်တော့်စိတ်ကို နားလည်ပေးနိုင်ခဲ့တယ် လူတစ်ယောက်ရှိခဲ့တယ်။ ကျွန်တော် သူနဲ့ စကားပြောရတဲ့အချိန်မှာ စိတ်ညစ်တာတွေ ပျောက်သွားတယ်။ ပျော်လာတယ်။ စိတ်တွေ ပြန်လည် အားပြည့်လာသလိုခံစားရတယ်။ အဲ့ဒီလူကို ကျွန်တော် ကျေးဇူးအရမ်းတင်တယ်။ ကျွန်တော်သူ့ကို ဘယ်တော့မှ မေ့မှာ မဟုတ်တော့ပါဘူး။စဉ်းစားကြည့်ကြပါ။ လူတစ်ယောက်မှာ အဆိုးရွားဆုံး ထိခိုက်တာဟာ စိတ်ပိုင်းဆိုင်ရာပါ။ အဲ့ဒါကို ကုစားပေးနိုင်ခဲ့တဲ့ လူကို စာဖတ်သူ တို့ ဘယ်လို သဘောထားမလဲ။ ကျေးဇူး အရမ်းတင်ပါတယ် …….. ရယ်။

Thursday, July 12, 2007

Rebuilding

အိမ်လေးတစ်အိမ် မုန်းတိုက်တိုက်ခံရလို့ ပျက်စီးသွားတယ်။ ပြန်လည် တည်ဆောက်နေတုန်းမှာပဲ ပိုကြီးတဲ့ မုန်တိုင်းတစ်ခု ထပ်ဝင်လာတယ်။အိမ်ပိုင်ရှင်က ပြောတယ်။
“ဟူး ငါပြန်ပြီးထပ်ဆောက်ရဦးမှာပဲ”
သူဘယ်လိုဆောက်ဆောက် မုန်တိုင်းတိုက်နေ ဦးမယ်ဆိုရင်တော့ဘယ်တော့မှဆောက်လို့ပြီးမှာမဟုတ်ပါဘူး


ဝမ်းနည်းနေသောအချိန်တွင်ရေထားတဲ့ စာပါ။
။ ။

Tuesday, July 10, 2007

Nameless


ကျွန်တော့် ဘလော့ နာမည်က my feelings ဆိုပြီးတော့ ကျွန်တော့်ခံစားချက်ကို မတင်ဘူးလာတဲ့ သူငယ်ချင်း က ပြောလာတော့။ကျွန်တော် ပြန်ပြောလိုက်တယ်။ ငါခံစားချက်တွေ တင်ရင် ဖတ်တဲ့လူတွေ ပျင်းလိမ့်မယ်လို့ ပြီးတော့ ငါတစ်ခါတစ်လေမှ ခံစာချက်တွေ တင်မယ်လို့ ပြန်ပြောလိုက်တယ်။
ဒီနေ့ ကျွန်တော့်ရင်ထဲမှာ ရှုပ်နေလို့ ဘယ်နေရာမှာ ဖွင့်ထုတ်ရမှန်းမသိတာနဲ့ ဘလော့မှာ ပဲ ရေးပြီးတင်လိုက်တော့မယ်။
ဒီနေ့ ကျွန်တော် ရင်ထဲက ကျွန်တော် အရမ်းကို ယုံကြည်ထားတဲ့ ယုံကြည်မှုတစ်ခု ပျောက်ဆုံးသွားပြီလို့ ခံစားရတယ်။ ဘယ်လိုပြောရမလဲ ဗျာ။ကျွန်တော် အဲ့ဒီ ယုံကြည်မှုနဲ့ အသက်ရှင်နေတာမဟုတ်ပေမဲ့ အဲ့ဒီယုံကြည်မှု မရှိရင် စင်ကာပူမှာရှိတဲ့ ကျွန်တော့်ဘ၀ဟာ လုံးဝပုံပြောင်းသွားကောင်းသွားနိုင်တယ်။
ဟုတ်ကဲ့ စာဖတ်သူတို့ နားလည်ချင်မှ လည်ပါလိမ့်မယ်။ ဒါပေမဲ့ အရမ်းမွန်းကျပ်နေလို့ ဘလော့မှာရေးလိုက်တာပါ။
။ ။