Wednesday, September 05, 2007

Me and Yangon


လင်းထက်နှင့် ရန်ကုန်က ဒီနေ့

လင်းထက် ရန်ကုန်ပြန်ရောက်နေပါပြီ။ အင်းရောက်တာကတော့ ၃ရက်နေ့ကတည်းကပါ။ ဒါပေမဲ့ အိမ်က အုပ်ချုပ်သူရဲ့ခွင့်ပြုချက်မရသောကြောင့် ၂ရက်လောက် အိမ်တွင်းပုန်းလုပ်နေရပါတယ်။ ဒါပေမယ့် ဒီနေ့ အလျှောက်ကောင်းမှုကြောင့် အပြင်ထွက်ခွင့်ရပါတယ်ဗျာ။ မြို့ထဲက ၁၀ လမ်းထဲကိုပါ။ အကိုလတ်ကလည်း တရုတ်တန်းဆို မုန့်တွေစားလို့ရတယ်ဆိုပြီး လိုက်တယ်ခင်ဗျ။ ကောင်းတာပေါ့ဗျာ ဒကာခံတဲ့လူပါတယ်ဆိုတော့ ။ အဲ့ဒါနဲ့ အိမ်က ကား နဲ့ထွက်ခဲ့ပါတယ်။ အပြင်ရောက်တယ်ဆိုတာ နဲ့ မိုးနတ်မင်းကြီးက ညစ်ပတ်တယ်ခင်ဗျာ။ မိုးတွေအုံ့လာပြီး အသည်းအသန်ရွာပါတယ်။ ဒါနဲ့ ကားကလည်းမကောင်း လမ်းတွေကလည်းပိတ်နဲ့ဆိုတော့ ၁နာရီလောက်ကြာပါတယ် ၁၀လမ်းကိုရောက်ဖို့။ အဲ့ဒီကိုရောက်တော့ ယူစရာရှိတာယူ ပြီး အကို က ပေါက်စီကောင်းတဲ့ဆိုင်ကိုခေါ်သွားပါတယ်။ ခုနှစ်လွာပေါက်စီပါ။ အဲ့ဒီမှာ ပြသနာစတာ။ ရန်ကုန်ကို ရောက်ကတည်းက လင်းထက် ဖိနပ်မရှိပါဘူး အိမ်က တွေ့တဲ့ဖိနပ်ကို ယူစီးတာ။ ဒီနေ့လည်း တွေ့တဲ့ဖိနပ် စီးလာတာပါ။ အဲ့ဒါ အခု ပေါက်စီဆိုင်ကို မိုးရေထဲမှာလမ်းလျှောက်တော့ ဖိနပ်က အချက်ပေးပါတယ်။ အပေါ်က ခင်းထားတဲ့ဖိနပ်ခင်းက ကွာလာပါတယ်။ ဒီလိုပဲ ထိန်းပြီးလျှောက်တာ ပေါက်စီဆိုင်ကိုတော့ရောက်ပါတယ်။ စားပြီး မှသတိရတာက ကားကိုဘယ်နားရပ်ထားခိုင်းမှန်းမသိဘူး။ သိတဲ့အတိုင်းပဲ အဲ့ဒီနားက ရှုပ်တယ်လေ။ ကဲမထူးပါဘူး ဆိုပြီး ညီအကို ၂ ယောက် ဆိုင်ထဲက ထွက်ကာ ကားရှာပုံတော်ဖွင့်ပါတယ်။ ၃ လှမ်းလားလျှောက်ရသေးတယ် ဖိနပ်က အပေါ်ကအခင်းကွာရုံမက ပြတ်ပါထွက်သွားတာ။ ဘယ်လိုမှစီးလို့မရတော့တာ။ အကို က အကြံပေးပါတယ် ရပ်စောင့်နေပါတယ်။ ကျွန်တော် ကလည်း စကားနားထောင်ပါတယ်။ မစောင့်ပါဘူး ။ ဆက်ရှာပါတယ်။ ဘာဖြစ်လဲဆိုပြီ ဖိနပ်ကို ချွတ်ပြီး လျှောက်ပြစ်တာ။ စံပြ ရုပ်ရှင် ရုံကနေ ရွေပုဇွန် အထိလောက်လျှောက်တာ ကားကိုလည်းမတွေ့ပါဘူး။ အခုမှသတိထားမိတာက လူတွေ က ကွက်ကြည့် ကွတ်ကြည့် နဲ့။ အခုမှ ရှက် ရမှန်းသိတယ်။ ဖိနပ်မပါဘဲ အဲ့ဒီနားမှာ မိနစ်၂၀ေ လာက် မိုးရေထဲမှာခေါက်တုံ့ခေါက်ပြန် လျှောက်ခဲ့ရပါတယ်ဗျာ။