Wednesday, July 09, 2008

Dream

မနေ့ ညက အိပ်မက် တစ်ခုမက်တယ်။ ဘာရယ်မဟုတ်ဘူး ပြောပြချင်လို့ ဘလော့မှာတင်လိုက်တာ။
အိပ်မက်ထဲမှာ အရမ်းလှတဲ့ ပန်းပွင့်လေးတစ်ပွင့်ကို တွေ့တယ်။ချက်ချင်းလို ချင်တပ်မက်သွားတယ်။ ဒါနဲ့ သွားယူ မယ်ဆိုပြီး ပြင်လိုက်တာ အလယ်မှာ ချောက်ကြီးတစ်ခု ကိုတွေ့ကော။ ဒါပေမယ့် ဘယ်ရမလဲ ကြိုးတံတားတွေ ထိုးထားတော့ အဲ့ဒီကနေသွားမယ်ဆိုပြီး ကြိုးစားကြည့်တာ။ ဘာဖြစ်မှန်းမသိဘူးဗျာ အကုန် ပြတ်ကျကုန်တာ။ ဒါနဲ့ပဲ သွားလို့ကမရတော့ဘူး။ ဒါနဲ့ပဲ သွားလို့ရမယ့်လမ်းရှာကြည့်တာ လေပေါ်ကပျံမယ်ဆိုပြီး စဥ်းစားကြည့်တာ ပျံမှမပျံတတ်တာ။ နောက်ဆုံးတစ်လမ်းပဲ ရှိတယ် ဘယ်လောက်နက်မှန်းမသိတဲ့ ချောက်ထဲ ကနေဆင်းပြီသွားရမှာ။ ကျွန်တော်လည်းပန်းပွင့်ကို ဆုံးရှုံမခံနိုင်တာနဲ့ ချောက်ထဲ ဆင်းသွားတာပေါ့။
အဲ့ဒီမှာပြန်နှိုးလာတယ်ဗျာ။ အဆုံးထိဆက်မက်ရင်ကောင်းမယ်။
နောက်ဆက်မက်မှ ဆက်ရေးမယ်ဗျာ