Monday, August 18, 2008

Nothing Special

ဘ၀ဆိုတာ အနိမ့်အမြင့်အတက်အကျ ရှိတယ်တဲ့ လူတွေပြောကြတယ်။ ဒီရေလိုပဲတဲ့။ ဒါဆို အဲ့ဒီ ဒီရေကြီးဟာ ကျွန်တော်တို့ကို ဟိုးအောက်ကိုရောက်အောင် ဆွဲချတာလို့သတ်မှတ်ရမှာပေါ့။ ပြီးတော့ အပေါ်ကိုလို့ အဲ့ဒီ ဒီရေကြီးကပဲ ပြန်တင်ပေးတာနဲ့တူတယ်။ ဒါပေမယ့် အဲ့ဒီ ဒီရေကြီးရဲ့ အဆွဲချခံရပြီး ပြန်အတက်မှာ ပြုတ်ကျသွားတဲ့လူတွေကကော။ နောက်ဒီရေကိုစောင့်ရမှာလား သို့မဟုတ် ကိုယ့်ဘာသာကို အထက်ကိုရောက်အောင် ပြန်ကြိုးစားရမှာလား။ အဲ့ဒီ ဒီရေ ကြီးက ဘယ်တော့မှပြန်မလာတော့ရင်ကော ။ ကျွန်တော်ပြန်ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်ပြန်ကြိုးစားတိုင်း ဒီရေ အကျနဲ့ ပဲ့ ကြုံနေတော့လည်း………………….

No comments: