Wednesday, March 04, 2009

First day in australia

...လင်းထက်... ညဘက် ၇ ၄၀ လောက် Changi Airport Terminal 3 ရဲ့ Departure Hall ထဲကို ၀င်ပြီး Immigration ကို ဖြတ်ပြီးချိန်မှာ ကျွန်တော် နောက်ကိုလှည့်ကြည့်ပြီး ကျွန်တော့်ကို လိုက်ပို့တဲ့ အစ်ကို . ဦးလေးနဲ့ သူငယ်ချင်းသုံးယောက်ကို လက်လှမ်းပြ့ပီး နှုတ်ဆက်လိုက်တယ်။ အဲ့ဒီအချိန်မှာ ရင်ထဲက ခံစားချက်က ပျို့တက်လာတယ်။ ခံစားချက်က မျက်လုံးမှတစ်ဆင့် မထွက်ကျခင် ကျွန်တော်ထိန်းထားနိုင်ခဲ့တယ်။
Waiting Lounge ထဲရောက်ပြီး အမေ့ကို ဖုန်းခေါ်တော့ အမေ့အသံဟာ သူမရဲ့ ၀မ်းနည်းမှုကို ဖော်ပြနေတယ်။ ကျွန်တော်မျက်ရည် ၂ပေါက်လောက်တော့ ကျခဲ့တယ်ဗျာ။
ကျွန်တော် စိတ်ကို တင်းပြီး ထိန်းထားနိုင်တဲ့ အချိန်မှာတော့ airline က last call ခေါ်နေပါပြီ။
ဒီလိုနဲ့ လေယဉ်ပေါ်အရောက် ကျွန်တော့် သူငယ်ချင်း သန့်ဇင်ဦးပေးလိုက်သော စာအုပ်ထဲမှ ဖြိုးသီဟအောင် မြတ်မင်းဟန် သန့်ဇင်ဦးတို့ ရေးထားတဲ့ အမှတ်တရ စာသားတွေက ကျွန်တော့်ကို စင်ကာပူပြင်ပမှ ဘ၀ရဲ့ ပထမဆုံးအပြုံးကို ဖြစ်ပေါ်စေခဲ့တယ်။
A380 လေယဉ်ကြီး ဝေဟင်ပေါ်ပြန်ဝဲတော့ စင်ကာပူနိုင်ငံကြီးကို ပြပြပဲမြင်ရတော့တဲ့ အချိန် ကျွန်တော့်ဘ၀ကို မြှင့်တင်ပေးခဲ့သော အမှတ်တယ များစွားပေးခဲ့သော နေရာအား ပါးစပ်မှ BYE BYE SINGAPORE လို့ ထွက်သွားသာ လွန်မယ်မထင်ပါဘူးဗျာ။ ဘေးနားက သြစတြေးလျလူကြီး တစ်ချက် ပြုံးသွားတာကိုလည်း ကျွန်တော် တွေ့လိုက်ပါတယ်
A380 လို့သာပြောတယ်။ လေယဉ်ထိုင်ခုံ က silk air နဲ့ သူမသာ ကိုယ်မသာပါပဲ။ ဒါပေမယ့် ရှေ့မှာ တီဗီပါပြီးရုပ်ရှင်တော်တော်များများကြည့်လို့ရပါတယ်။ အဲ့ဒီ ထိုင်ခုံပေါ်မှာ ကျွန်တော် ဟိုလှည့်ဒီလှည့်နဲ့ပဲ ပျံသန်းချိန် ၈နာရီ လောက်ကို ကုန်ဆုံးစေခဲ့တယ်။ သြဇီစံတော်ချိန် ၇နာရီ ၁၅လောက် အရောက်မှာ နေရောင်သန်းလာပြီး တိမ်တွေပေါ်ဖြာကျနေတဲ့ အလှကို ခံစားစေတဲ့ အချိန်မှာပဲ လေယဉ် ဆင်းပါတော့မယ်ဆိုတဲ့ ကတ်ပတိန်ရဲ့ အသံနဲ့အတူ လေယဉ်ကြီး Sydney လေယဉ်ကွင်းကို ဆင်းသက်ခဲ့တယ်။
လေယဉ်ပေါ်ကအဆင်းမှာ ကျွန်တော်တစ်ညလုံးမအိပ်ရသေးပေမယ့် ခေါင်းကကြည်လင်နေတယ်။ Sydney airport က Changi airport နဲ့စာရင်တော့ ယှဉ်လို့မရပါဘူး။ ဒီလိုနဲ့ လင်းထက် တက်စ်စီစီးပြီး တည်းခိုးခန်းကို ရောက်တော့ ၈ ၄၅လောက်ပါ။ ကျွန်တော်နေမဲ့ အခန်းက လူက ၁၁ နာရီလောက်မှ ထွက်မှာဆိုတော့ luggage ကြီးကိုအပ်ထားပြီး အနီးအနား လျှောက်ကြည့်ဖြစ်တယ်။ အင်တာနက်ဆိုင်တွေ့တော့ ၀င်သုံးပြီး ညက မန်ယူ ကန်တဲ့ အဖြေကို ကြည့် ပြီးတွေးမိတယ်။ သြော်ငါ စင်ကာပူကနေ ထွက်တာနဲ့ သူတို့ ဂိုးစပေးရပြီလို့။ ဘာမှလဲမဆိုင်ဘူး။ အော်ဒါနဲ့ အင်တာနက်က တစ်နာရီ တစ်ကျပ်ပါ။
ပြီးတော့ အနားက ကော်ဖီဆိုင်တစ်ဆိုင်မှာ ၀င်ထိုင်ပြီး မနက်စာစားဖို့ MENU ကို ကြည့်တဲ့ အချိန်မှာ မျက်လုံးပြူးသွားပါတယ်။ ဘယ်နဲ့ မနက်စာကို ၁၀ဒေါ်လာ လောက်သုံးရမယ်ဆိုတော့ မဖြစ်ဘူးဆိုပြီး ကျွန်တော် ၃ ကျပ်တန် COFFEE LATTE တစ်ခွက်ပဲ ၀ယ်သောက်ဖြစ်တယ်။ ဒီမှာ စင်ကာပူထက် ဈေးသက်သာတာဆိုလို့ အဲ့ဒီ COFFEE တွေပဲရှိမှာပါ
၁၁နာရီလောက် အခန်းထဲကို အရောက် အိပ်ယာပေါ် လှဲလိုက်ပြီး ခေါင်းထဲစဉ်းစားလိုက်တော့ မဖြစ်သေးပါဘူးဆိုပြီး အိမ်ကထုတ်လာတဲ့ အိမ်ကြော်ငြာစာရွက်တွေထဲက ဖုန်းနံပါတ်ကို လိုက်ဆက်ကြည့်ပါတယ်။ နေစရာရှာရမယ်လေ။ သင့်တော်တဲ့ တတ်နိုင်မယ့် အိမ်တွေကို ဖုန်းဆက်တော့ တစ်အိမ်က ၂နာရီလောက်လာကြည့်ဆိုတော့ လင်းထက် အချိန်ကြည့်လိုက်တော့ ၁ ၁၅ ရှိနေပါပြီ။ သူက ၁၅မိနစ်လောက်ပဲလျှောက်ရမယ် ကျောင်းကနေ ဆိုတော့ ကျွန်တော် အေးအေးဆေးဆေး ရေချိုးပြီး ၁ ၄၀လောက် အပြင်ထွက်ခဲ့ပါတယ်။ မြန်မာပြည်နဲ့ တူတယ်ဗျာ ပတ်ဝန်းကျင်က ။ ပြီးတော့ လမ်းကူတာလဲ မီးပွိုင့်ကလိုဘူး ဒီတိုင်တွေ့တဲ့ နေရာရှင်းတဲ့နေရာကကူးလို့ရတယ်။
နေ့လည်စာမစားရသေးတဲ့ အတွက် ဗိုက်ကလဲ ဆာနေပါတယ်။ အဲ့ဒါနဲ့ လျှောက်လိုက်တာ ၁၅မိနစ်လောက်သာကြာတယ် အိမ်ကို မတွေ့တဲ့ အတွက် ဘတ်စ်ကားဂိတ်အရောက် ဆိုက်လာတဲ့ ဘတ်စ်ကားက ကားမောင်းသူကို မေးလိုက်ပါတယ်။ သြဇီကြီးဟုတ်ဘူး။ INDIA ကနဲ့တူပါတယ် လိပ်စာပြတော့ေ၇ှ့နားမှာတဲ့။ ဒါနဲ့ ကျွန်တော် ရှေ့နားလျှောက်တာ နောက် ၃၀ မိနစ်လောက်လျှောက်လိုက်ရပါတယ်။ အဲ့ဒီတော့မှ အိမ်ကိုတွေ့ပါတယ်။ ဟူး
အခန်းကို မကြိုက်တာနဲ့ နောက်မှ ဖုန်းပြန်ဆက်မယ်ဆိုပြီး ပြန်ထွက်တော့ ဘတ်စ်ကားဂိတ်တွေ့တာနဲ့ ဘတ်စ်တက်စီးပါတယ်။ သြဇီမှာလည်း ဘတ်စ်ဘယ်ချိန်လာမယ်လို့ ပြထားပါတယ်.။သူတို့က စာရွက်လေးနဲ့ပါ။ ဘယ်ကား ဘယ်ချိန်ဆိုတာ။ တစ်နှစ်ပတ်လုံးနေ့တိုင်းအဲ့ဒီအချိန်လာမယ်ပေါ့။ အင်းပေါ့လေ သူတို့သေချာပြောနိုင်မှာပေါ့ ဘတ်စကားက လမ်းမှမပိတ်တာ။ ဒီမှာက လက်မှတ်နဲ့ ပါ ဘတ်စ်က။ ဒါပေမယ့် အမျိုး၂ရှိပါတယ်။ အပြာေ၇ာင်ဆို ကိုယ်နေတဲ့ အပိုင်းမှာပဲ စီးလို့ရတယ်။ ဥပမာ East ဘက်ကနေ North ဘက်ကို သွားမယ်ဆို တခြား အေ၇ာင်ပေါ့။
တည်းခိုးခန်းမရောက်ခင်လေးမှာ မက်ဒေါနယ် တွေ့တော့ ဆင်းပြီး စားပါတယ်။ Big Mac မှာပြီးသူတို့ ပေးတော့ ကျွန်တော် အချဉ်တောင်းတယ။် အချဉ်လိုချင်ရင် ပိုက်ဆံပေးရမယ်ဆိုတော့ ကျွန်တော် ဘေးနားကစားနေတဲ့ လူတွေကို အကဲခတ်လိုက်တယ်။ သူတို့လေးအချဉ်နဲ့စားနေကြတာမဟုတ်တော့ ကျွန်တော်လည်း ထပ်မတောင်းဘဲ လွတ်နေတဲ့ စားပွဲတစ်ခုမှာ ၀င်ထိုင်ပြီး စားပါတယ်။ Big Mac သာဆိုတယ် ၅ကိုက်လောက်ပဲ ကိုက်လိုက်ရတယ်။ ကုန်သွားတယ်။ တည်းခိုးခန်းပြန်ရောက်တော့ ကွန်ပြူတာနဲ့ နောက် အိမ်သွားကြည့်ရမယ်နေရာကို ကြည့် ပြီးတော့ ဟိုလုပ်ဒီလုပ် လုပ်လိုက်တာ ၅နာရီထိုးသွားပါတယ်။
ငါးနာရီခွဲချိန်ထာလို့ ဒီတစ်ခေါက်တော့ ဘတ်စ်နဲ့သွားလိုက်တာ တည့်တည့်ရောက်သွားပါတယ်။ ဒါပေမယ့် သူတို့ပြတဲပ အခန်းက တံခါးတောင်မရှိပါဘူး။ ဒါနဲ့ ခနပဲ ကြည့်ပြီး တည်းခိုးခန်းကိုပြန်ရောက်တော့ ၇ ၃၀ ပါပြီ။
ညစာဘာမှမရှိတာနဲ့ ပထမဆုံး ညစာကို cup noddle နဲ့ပဲ ဖြတ်သန်းခဲ့ပြီး အိပ်ချင်လာလို့ စောစောအိပ်ရာဝင်ခဲ့ပါတယ်။ ဟူး မောတယ်ဗျာ။ ဒီနေ့ ။` ။

9 comments:

ဘာတွေတုန်း said...

ဈေးကြီးပါ့။ မနက်စာကိုတောင် ၁၀ လောက်ပေးရတယ်ဆိုတော့။ ကိုယ့်ဟာကိုယ် ချက်စားရမဲ့ ကိန်းပဲနော်။

lin3tai said...

Friend, It's a good start anyway. All the best.

Myat Zaw said...

Yo Bro,

Never give up! I wish all the best for you. Success is hidden inside the difficulties. NEver ever give up.. If u're feeling down or feeling bored, just come to Gtalk.. :) We, ur big big friends from sg, are always ready to share your feelings.

Keep it Up... :)

bay_bay said...

Thz for ur help.. ^-^ all e best 4 u frd =]

Moon said...

never do thing by help

Moon said...

buddha is my life
my favourite person.

mmhan said...

More updates!!

MYO HAN HTUN said...

ရုန်းကန်မှု့ တစ်ခုအတွက် ဘဝ အတွေ့အကြုံ ဗဟုသုတ တစ်ခုပါပဲ။

phung bella said...

hi impressive blog.
We have a big website to sale cars online throughout Myanmar. Please visit us back at: http://motors.com.mm/?utm_campaign=mot_mm_lb_blog_phung&utm_source=mot_lb_blog&utm_medium=lb_blog