Wednesday, July 25, 2007

Directionless writing


2007 ခုနှစ် ဒီလ(july) လဟာ ကျွန်တော့်အတွက် တကယ် ကံဆိုးမိုးမှောင်ကျတဲ့လပါ။ ဘာတွေမှားနေမှန်းမသိဘူး။ မှန်အောင်ပြန်ကြိုးစားခဲ့တယ်။ ထပ်မှားတယ်။ စွပ်စွဲတာလဲခံခဲ့ရတယ်။အထင်သေးတာလည်း ခံရတယ်။ ကျွန်တော် ဘ၀မှာ လူတွေ အထင်သေးခံရတာအမုန်းဆုံးပဲ။ ဒါပေမဲ့ဒီတစ်ခါ အထင်သေးခံရတာကို ကျွန်တော် လက်ခံပါမယ်။ ကျွန်တော်ရှေးကပြုခဲ့သော အပြုအမူ တွေကြောင့်ခံနေရတာပါ။စိတ်လည်းပင်ပန်းနေပါပြီ လူလည်းပင်ပန်းနေပါပြီ။ အခုလုပ်ချင်နေတာ တစ်ခုပဲ ရှိတယ်။ ဘောလုံးကန်ချင်တယ်။ဖြေးဖြေးမဟုတ်ပါဘူး။အားပြင်းပြင်းနဲ့ပါ။ ကြုံးတုန်းတစ်ခုပြောရဦးမယ်။အဲ့ဒီ နည်းကို စမ်းကြည့်ပါ။ စိတ်တွေမွန်းကြပ်နေရင် ဘောလုံးတစ်လုံးကို အားပြင်းပြင်းနဲ့ဆက်တိုက်ကန်ကြည့်ပါ။ တော်တော် သက်သာသွားပါလိမ့်မယ်။ မကန်ဘူးတဲ့လူ မကန်တတ်တဲ့လူလည်း စမ်းကြည့်လို့ရပါတယ်။ အခုတော့ ကျွန်တော် ဘောလုံးမကန်နိုင်သေးဘူး။ စာမေးပွဲ အရမ်းနီးလာလို့။

1 comment:

phyothiha said...

”လူတွေ အထင်သေးခံရတာအမုန်းဆုံးပဲ။” ဆိုတာလေးတော့ သိပ်မဟုတ်သေးဘူး ထင်တယ်…သူငယ်ချင်းရယ်။ ထားပါ….အဲ့ တာတွေကြားရင်ငါ ကတော့ မင်းကိုဘောလုံးလို လုံးပြီး ကန်ပြစ်ခြင်တယ်။