Sunday, June 29, 2008

Beam prata

ပဲပလာတာ နဲ့ သူငယ်ချင်းတစ်ယောက်

စင်ကာပူမှာ အားလုံးသိကြတဲ့အတိုင်း ပဲပလာတာ မရပါဘူးဗျာ။ မြန်မာပြည်က ပဲပလာတာ မျိုးပေါ့။ အဲ့ဒီ ဟာနဲ့ ပတ်သတ်ပြီး ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကို ကျွန်တော် ဒီမှာ ချောက်ချဘူးပါတယ်။ သူက ဖြိုးသီဟအောင်ပါ ။ အားလုံးလဲသိမယ်နဲ့တူတယ်။
အဲ့ဒါတစ်ရက် ကျောင်းက foodcourt 1 မှာ မနက်စာစားတော့ ကျွန်တော် က ရိုးရိုးပလာတာမှာစားတာ။ အဲ့ဒါသူရောက်ချလာပြီးတော့ သူ ပဲပလာတာစားချင်တယ်တဲ့။ ကျွန်တော်လည်း သူ့ကို နောက်ချင်တာနဲ့ “ဟိုကုလားဆိုင်မှာရှိတယ်လို့ပြောတော့ ကျွန်တော့်ကိုပါခေါ်တယ် သူက” ကျွန်တော်လည်းလိုက်သွားတာပေါ့ ဒါပေမယ့် မင်းပဲမှာလို့ ပြောလိုက်တာ။ ဆိုင်လဲ ရောက်ရော မှာပါတယ်။ “bean prata” ရိှလားလို့ ။ အဲ့ဒီက ကုလားမကြီးက ကြောင်ပြီးကြည့်ပါတယ်။ ဟိုကောင်ကလည်းဆက်ပြောတယ် “bean prata” ကုလားမကြီးက ပြန်မေးပါတယ် “beaf prata” လားတဲ့။ ဟိုကောင်ကလည်း ထပ်ပြောတယ် “beam prata” ။နောက်ဆုံးတော့ သူလဲ လက်လျှော့ပြီး “beaf prata” ပဲယူလာခဲ့တယ်။ ကျွန်တော့်ကိုလဲ ဆဲလိုက်တာ စုံရော။

Thursday, June 26, 2008

Working Life


ကျွန်တော် အလုပ်လုပ်တာ နောက်လ ၁ရက်နေ့ ဆို ၃လပြည့်တော့ပါမယ်။ အဲ့ဒီတော့ အလုပ်လုပ်ရင်း ရလာတဲ့ ခံစားချက်လေးတွေ နည်းနည်းရေးကြည့်ပါမယ်။

ပထမဆုံးခံစားချက်ကတော့ မနက်အလုပ်သွားရင် ဒိုဗာ အမ်အာတီကို ရောက်ရင် ကျောင်းကြီးကို ကြည့်ကြည့် ပြီး ၀မ်းနည်းသလိုလို ဘာလိုလို ညာလိုလို ခံစားရပါတယ်။ ၈နာရီ ဒိုဗာ အမ်အာတီကို လွန်ခဲ့တဲ့ ၅လလောက်ကလည်းရောက် တာပဲ။ဒါပေမယ့် အဲ့ဒါကကျောင်းတက်တာ။ အခုကတော့ နောက်မှာကျန်ခဲ့တဲ့ ကျောင်းဝန်းကြီးကို လှမ်းငေးပြီး သက်ပြင်းချရတာ လည်း ၃လပြည့် ပါပြီ။
ကွန်မွန်းဝက် အမ်အာတီ ရောက်ရင်ခံစားရတာကတော့ စိတ်ညစ်စရာကောင်းပါတယ် ။ ၁၀၅ ကို စောင့်ရတာ။တစ်ခါမှ ကွက်တိမလာဘူး။ အနည်းဆုံး ၁၂မိနစ်တော့စောင့်ရတယ်။ မုန်းတယ် ၁၀၅ ရယ်။
အလုပ်ရောက်ရင်တော့ စပါပြီ။ ဘင်ဂလားစကားသံတွေ တရုပ်စကားသံတွေ။ တစ်ခါတစ်လေစိတ်ညစ်ရတယ်။ တစ်မနက်လုံး English လို တစ်ယောက်မှပြောဘူး။ သေချင်စော်ကိုနံရော်။ တစ်ရုတ်စာပဲသင်မလားလို့တောင် စဉ်းစားမိတယ်။ အဲ့ဒီ communication ကလည်း တစ်ခါတစ်လေ စိတ်ညစ်စရာကောင်းပြီ တစ်ခါတစ်လေ ကျပျော်ဖို့ကောင်းတယ်။ သူတို့ကို where are you going? လို့ပြောလို့ရဘူး။ You go where? လို့ပဲပြောရတယ်။ သြော် Singlish ဆိုတာ အခုမှ သေချာပြောဘူးတော့တယ်။ သူတို့ ပြောတာရှိပါသေးတယ်။ ကျွန်တော်က မေးတာပေါ့နော်။ Delivery come what time? ပြန်ဖြေတယ် ခင်ဗျ။ After တဲ့ ။ စစချင်းတော့နားလည်ဘူး။ နောက်မှသဘောပေါက်တယ်။ သူတို့ after က later နဲ့တူတူပဲဗျ။ သူတို့ဆိုတာ အလုပ်ကြမ်းသမားတွေကိုတင်ပြောတာဟုတ်ဘူ။။ တစ်ချို့တစ်ချို့ ကားအကာင်းစားကြီးတွေနဲ့ လာတဲ့ sub contractor တွေရဲ့ သူငှေးတွေလည်းပြောတာပါပဲ အဲ့လို။
စစ၀င်ဝင်ချင်း ရက်ကတော့ ရင်ကော့ပြီး နေတာ။ ဘာဖြစ်လို့လဲဆိုတော့ ငါ စာတတ်တယ်ပေါ့နော်။ အကုန်သိတယ်ဆိုပြီး ၀င်သွားတာ။ နောက် ၃ရက်လောက်လဲ ကျတော့ သိလာပါတယ်။ ငါဘာမှမဟုတ်ပါလားလို့။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ကို ဘာလာမေးမေး ဘယ်လိုလုပ်ရမလဲ မေးမေး ။ ဖြေစရာအဖြေမရှိဘူးဗျာ။ အဲ တစ်ခုတော့ ဖြေလိုက်တယ်။ I dun know လို့ ။ ဟီး ။
ဘယ်ရမလဲ လင်းထက် နောက်တစ်ပတ်ကြာတော့ အဲ့ဒီ အဖြေ ထက်တိုးတက်သွားပြီ။ I will check it လို့ပြန်ဖြေတာပေါ့။ ပိုပြီး လူအထင်ကြီးတာပေါ့နော် ဟီဟီ။
နောက်တာပါ။ တစ်လလောက်လဲကြာကော အဲ့ဒီ ထက် ပိုကောင်းသွားတယ်။ I will check it and get back to you လို့။ ပိုတော်လာပြီ။ ဟီဟီ။
နောက်တာတွေလည်းများသွားပြီ။ အဲတကယ်တော့ နောက်တာမဟုတ်ပါဘူး။ အတည်ပြောတာပါ။ ဒီလိုနဲ့ပဲ ကျွန်တော်လည်း ၁လခွဲလောက်ကြာတော့ အလုပ်မှာ အသားကျလာတယ်ပေါ့ဗျာ။ တစ်ရက် အေးအေးဆေးဆေး ပြန်စဉ်းစားကြည့်တော့ ကျွန်တော်သင်ခဲ့ရတဲ့ စာရဲ့ ၅ ရာခိုင်းနှုန်းလောက်ပဲသုံးရတယ်ဗျာ။ဥပမာ Drawing read တာ ကျန်တာက ။ ကိုယ် ဘယ်လောက်ကြိုးစားသလဲ။ ကိုယ်အလုပ်ပေါ်မှာ ဘယ်လောက် စိတ်ဝင်စားလဲ ပေါ်မှာမူတည်တယ်လို့ ခံစားလာရတယ်။ ကျွန်တော့် PM ပြောတာမှတ်မိပါသေးတယ်။ D.I.Y တဲ့။ အရှည်ကောက်ကတော့ Do It Yourself တဲ့။ ကျွန်တော့်ကို ပညာပေးတာပါ။ ကျွန်တော်အောက်မှာက Foreman ရှိသေးတယ်ဆိုတော့ ကျွန်တော်က ကျွန်တော်လိုချင်တာကိုပြောလိုက်ရင် Foreman ကအကုန်လုပ်ပေးတာကိုေ ပြာတာပေါ့။ PM က ဘာလုပ်လုပ် ကျွန်တော်လို အသစ်တစ်ယောက်အနေနဲ့ ကိုယ်တိုင်လုပ်လို့ပြောတာပါ။ အောက်သက်ကြေ အောင်ပေါ့ဗျာ။
ကျွန်တော် လုပ်ရင်းလုပ်ရင်းနဲ့ ကျွန်တော် ရဲ့ Job Scope ကိုနားလည်လာခဲ့တယ်။ Job Scope ကိုနားလည်လာလေလေ ကျွန်တော်သင်ခဲ့တဲ့ စာတွေက သုံးလို့မရလာလေလေဖြစ်တယ်။ ဥပမာဗျာ ကွန်ကရစ်မှာ ကျွန်တော် ဘာတွေပါလဲသိတယ်ဗျာ။ ဘယ်လိုဖျော်ရတယ်။ Plaster ကိုင်ရင် ဘယ်လိုဖျော်ရတယ်ဆိုတာ သင်ရိုးညွှန်းတန်းထဲမှာမပါဘူး။ ပြီးတော့ အလုပ်ထဲရောက်ရောက်ချင်း ကွန်ကရစ်လောင်းတာမှာ foreman က အောက်ဆုံးမှာ ဖော့ပြားကြီးခံလောင်းတော့ ကျွန်တော် အရမ်း စိတ်ညစ်သွာတယ်။ ဘာလို့ ကွန်ကရစ်ကို ခိုးတာလဲပေါ့နော်။ နောက်မှသိလာရတာက အဲ့လိုလုပ်မှ အောင်မှာ ရှိတဲ့ မြေကြိးဆီကို အားသိပ်ပြီးသက်ရောက်မှုမရှိတော့ဘူးတဲ့။ အဲ့လိုမျိုး ဟာတွေအများကြီးပဲ။ ကျွန်တော်ပထမတော့ စိတ်အရမ်းညစ်တယ် ငါဘာမှမတတ်ပါလားလို့ ။ ကျောင်းမှာ Distinction ဘယ်နှစ်ခုရရ အခု ဘာမှသုံးစားလို့မရပါလားလို့။ ဒါပေမယ့် ကျွန်တော် စိတ်ကို ပြန်ဖြေရတယ်။ နောက်ဆုံးကိုယ့်ဘာသာသတ်မှတ်လိုက်တယ်။ ကျွန်တော် ဒီပလိုမာ ရပြီး ဒီဂရီ မတက်ခင် နောက်ကျောင်းတစ်ကျောင်းထက်တက်တာပါလားလို့ သတ်မှတ်လိုက်တာ။ အဲ့လိုစိတ် လဲထားလိုက်မှပဲ နေတတ်သွားတယ်။ ဘာပဲကြည့်ကြည့်သင်ယူစရာကြီးပါပဲလို့။
စာမေးပွဲ လည်းရှိတယ်။ ကျောင်းမှာလို ၈ပတ်နေမှ တစ်ခါဖြေရတာဟုတ်ဘူး။ နေ့ တိုင်းဖြေရတယ်။ Sub contractor တွေလာမေးတာကို ဒိုင်ခံဖြေရတယ်။ On site ပြသနာတွေကို ဘယ်လိုဖြေရှင်းရမလဲ စဉ်းစားရတယ်။ ဟိုလေ Open book စာမေးပွဲ ပေါ့။ ဘေးမှာ Drawing ရှိတယ်။ ရှေ့မှာ တကယ်လုပ်ရမယ့်နေရာရှိတယ်။ ဘယ်လိုလုပ်ရမလဲ မသိသေးဘူး။ စဉ်းစားရတာပေါ့ ဖြေရှင်းရမယ့်နည်းလမ်းတွေ အများကြီး အဲ့ဒီထဲကမှ အကောင်းဆုံးနဲ့ အကုန်အကျဆုံးအနည်းဆုံးကို ရွေးရတာ။ မလွယ်ပါဘူး။
ပြီးတော့ အလုပ်မှာ အရေးကြီးတယ်လို့ ခံစားရတာက ကိုယ်နဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံမှုပါ။ ဆက်ဆံရေးကောင်းလေလေ ကိုယ့်အလုပ်အတွက်ကောင်းလေလေ။ သူများအလုပ်တွေတော့မသိပါဘူး။ ကျွန်တော့်အလုပ်မှာ Sub contractor တွေကို စကားရင့်ရင့်ပြောလို့ မရပါဘူး။ သူတို့စိတ်ဆိုးရင် သူတို့က ဘာမှမလုပ်ပေးချင်တော့ဘူး။ အသေကပ်တာ။ သူတို့လုပ်လို့ရရဲ့သားနဲ့ impossible ကြီးပဲပြောတာ။ အဲ့လိုဆို အလုပ်က မပြီးတော့ဘူး။ အဲ့ဒီတော့ ကောင်းကောင်းမွန်မွန် နဲ့ တစ်ခါတစ်လေ လည်း အအေးလေးဘာလေး တိုက်ရတာပေါ့။ တကယ်ပြောတာပါ ကျွန်တော့်အလုပ်မှာ boss ထက် ကျွန်တော့် ရဲ့ sub contractor တွေပိုအရေးကြီးပါတယ်။
ရေးတာလဲ ရှည်သွားပါပြီ။ နောက်မှဆက်ရေးပါမယ်။ ကြိုက်ရင်ပြောပါတယ်။
နောက်ဆုံးအနေနဲ့ ကျွန်တော် ထင်တဲ့ အယူအဆတစ်ခုကတော့
“To be a successful person, we must be good at Human management which will not be shown or taught at school. If we fail at this, we will never be a successful person”