Wednesday, September 05, 2007
Me and Yangon
လင်းထက်နှင့် ရန်ကုန်က ဒီနေ့
လင်းထက် ရန်ကုန်ပြန်ရောက်နေပါပြီ။ အင်းရောက်တာကတော့ ၃ရက်နေ့ကတည်းကပါ။ ဒါပေမဲ့ အိမ်က အုပ်ချုပ်သူရဲ့ခွင့်ပြုချက်မရသောကြောင့် ၂ရက်လောက် အိမ်တွင်းပုန်းလုပ်နေရပါတယ်။ ဒါပေမယ့် ဒီနေ့ အလျှောက်ကောင်းမှုကြောင့် အပြင်ထွက်ခွင့်ရပါတယ်ဗျာ။ မြို့ထဲက ၁၀ လမ်းထဲကိုပါ။ အကိုလတ်ကလည်း တရုတ်တန်းဆို မုန့်တွေစားလို့ရတယ်ဆိုပြီး လိုက်တယ်ခင်ဗျ။ ကောင်းတာပေါ့ဗျာ ဒကာခံတဲ့လူပါတယ်ဆိုတော့ ။ အဲ့ဒါနဲ့ အိမ်က ကား နဲ့ထွက်ခဲ့ပါတယ်။ အပြင်ရောက်တယ်ဆိုတာ နဲ့ မိုးနတ်မင်းကြီးက ညစ်ပတ်တယ်ခင်ဗျာ။ မိုးတွေအုံ့လာပြီး အသည်းအသန်ရွာပါတယ်။ ဒါနဲ့ ကားကလည်းမကောင်း လမ်းတွေကလည်းပိတ်နဲ့ဆိုတော့ ၁နာရီလောက်ကြာပါတယ် ၁၀လမ်းကိုရောက်ဖို့။ အဲ့ဒီကိုရောက်တော့ ယူစရာရှိတာယူ ပြီး အကို က ပေါက်စီကောင်းတဲ့ဆိုင်ကိုခေါ်သွားပါတယ်။ ခုနှစ်လွာပေါက်စီပါ။ အဲ့ဒီမှာ ပြသနာစတာ။ ရန်ကုန်ကို ရောက်ကတည်းက လင်းထက် ဖိနပ်မရှိပါဘူး အိမ်က တွေ့တဲ့ဖိနပ်ကို ယူစီးတာ။ ဒီနေ့လည်း တွေ့တဲ့ဖိနပ် စီးလာတာပါ။ အဲ့ဒါ အခု ပေါက်စီဆိုင်ကို မိုးရေထဲမှာလမ်းလျှောက်တော့ ဖိနပ်က အချက်ပေးပါတယ်။ အပေါ်က ခင်းထားတဲ့ဖိနပ်ခင်းက ကွာလာပါတယ်။ ဒီလိုပဲ ထိန်းပြီးလျှောက်တာ ပေါက်စီဆိုင်ကိုတော့ရောက်ပါတယ်။ စားပြီး မှသတိရတာက ကားကိုဘယ်နားရပ်ထားခိုင်းမှန်းမသိဘူး။ သိတဲ့အတိုင်းပဲ အဲ့ဒီနားက ရှုပ်တယ်လေ။ ကဲမထူးပါဘူး ဆိုပြီး ညီအကို ၂ ယောက် ဆိုင်ထဲက ထွက်ကာ ကားရှာပုံတော်ဖွင့်ပါတယ်။ ၃ လှမ်းလားလျှောက်ရသေးတယ် ဖိနပ်က အပေါ်ကအခင်းကွာရုံမက ပြတ်ပါထွက်သွားတာ။ ဘယ်လိုမှစီးလို့မရတော့တာ။ အကို က အကြံပေးပါတယ် ရပ်စောင့်နေပါတယ်။ ကျွန်တော် ကလည်း စကားနားထောင်ပါတယ်။ မစောင့်ပါဘူး ။ ဆက်ရှာပါတယ်။ ဘာဖြစ်လဲဆိုပြီ ဖိနပ်ကို ချွတ်ပြီး လျှောက်ပြစ်တာ။ စံပြ ရုပ်ရှင် ရုံကနေ ရွေပုဇွန် အထိလောက်လျှောက်တာ ကားကိုလည်းမတွေ့ပါဘူး။ အခုမှသတိထားမိတာက လူတွေ က ကွက်ကြည့် ကွတ်ကြည့် နဲ့။ အခုမှ ရှက် ရမှန်းသိတယ်။ ဖိနပ်မပါဘဲ အဲ့ဒီနားမှာ မိနစ်၂၀ေ လာက် မိုးရေထဲမှာခေါက်တုံ့ခေါက်ပြန် လျှောက်ခဲ့ရပါတယ်ဗျာ။
Sunday, August 19, 2007
Going back to Yangon
လင်းထက် ရန်ကုန်ပြန်တော့မယ်
ဟုတ်ကဲ့ မောင်လင်းထက်ရန်ကုန်ပြန်ပါတော့မယ်။ မပြန်ရတာ တစ်နှစ်နီးနီး ရှိပြီပေါ့။ ဒုတိယနှစ်ဝက်ပြီးတစ်ခေါက်ပြန်ထားတာပါ။ အခု တတိယနှစ်ဝက်ဆိုတော့ တစ်နှစ်ရှိပြီ။ ဒီတစ်ခေါက် ပြန်တာက ၁၇ ရက်ပဲ ရှိမှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ မသွားခင် ဖိုင်နယ်ရီးယား ပရောဂျက်လုပ်မလို့။ ဟီး supervisor တွေကို တော့ မပြောရသေးဘူး ပြန်မယ်လို့။ သွားပြောရင် ပြန်ခိုင်းပါ့မလားမသိဘူး။ မပြောတာပဲ ကောင်းပါတယ်။ ဒီတစ်ခေါက်ပြန်ရမှာပျော်ဆုံးပဲ ဘာဖြစ်လို့လဲ ဆိုတော့ ဒုတိယနှစ်ရဲ့ ဒုတိယ ပိုင်းကို တက်ကတည်းက မနားရသေးဘူး။ စိတ်ကောလူကောပင်ပန်းနေပြီ။ အဲ့ဒီတော့ ဒီတစ်ခေါက်ပြန်တာကို ရက်နည်းပေမယ့် meaningful ဖြစ်တဲ့အရာတွေ ပဲလုပ်ရမယ်။ အဲ့ဒါနဲ့ လုပ်ချင်တဲ့ အရာတွေကို ချရေးကြည့်လိုက်တယ်
1. ပထမဆုံးလုပ်ရမှာက အဖေ၊အမေနဲ့ စကားတွေပြောရမယ်။(ဖားတာပေါ့ ဟီး)
2. ပြီးရင် ရွေတိဂုံဘုရားသွားဖူးရမယ်။(သာဓုခေါ်ကြနော်)
3. မုန့်ဟင်ခါးစားမယ်။ ဘယ်နားလဲတော့မသိဘူး။ မူလတန်းကျောင်းတည်းကမုန့်ဟင်ခါး။အရမ်းကောင်းတယ်။ပြန်လာမှာ လိပ်စာပြောပြမယ်
4. သူငယ်ချင်းတွေနဲ့ လက်ဘက်ရည်ဆိုင်ထိုင်မယ်။ စကားတွေပြောမယ်။ ပြီးရင်ဟိုငေးဒီငေးပေါ့ ဟီး
5. ၁၀တန်း ၉ တန်း ကျူရှင်ဆရာ ဆရာမတွေနဲ့သွားတွေ့ရမယ်။ (ဟာ အခုမှသတိရတယ်။ သူတို့ အတွက် လက်ဆောင်တွေဝယ်ရဦးမယ်။)
6. သြော်မေ့လို့။ ကြေးအိုးသောက်မယ်။(ဈေးတော့ အရမ်းကြီးနေတယ်ပြောတယ်။ ဘာပဲ ဖြစ်ဖြစ် စားမှာပဲ)
7. ပြီးရင် လင်းထက်အကြိုက် ဆုံး အင်းစိန်မြို့သစ် က-၅ လမ်းထိပ်က ၀က်သားတုတ်ထိုးစားမယ်။(အင်းစိန်က ဟာဆိုလို့ အထင်မသေးနဲ့ အရမ်းကောင်းတယ်)
8. ပြီးရင် အဖေနဲ့ ဆိုက်ထဲ လိုက်ပြီး လေ့လာမယ်။(အဟီး သိပ်ကြိုးစားတယ်မထင်နဲ့ အဲ့ဒီလိုလိုက်မှ လိုချင်တာပူစာလို့ရမှာ)
9. အဲ့ လိုချင်တာဆိုလို့ တစ်မျိုးမထင်နဲ့။ ဘောလုံးကန်ဖိနပ်ကိုပြောတာ။ ဈေးသက်သာလို့။
10. အဲ အဖွားတွေကိုမေ့နေပြီ။သူတို့ကို သွားတွေ့ရမယ်။။ ပြီးရင် သူတို့ ကိုကန်တော့ရမယ်။
11. ပြီးရင် တခါတည်း အဖွားအိမ်နားက ဘဘနဲ့သွားပြီးစကားတွေပြောမယ်။ အဲ့ဒီဘဘ က ကျွန်တော် ရဲ့ကျေးဇူးရှင်။ အတိုင်ပင်ခံပေါ့။
12. ကျွန်တော် ရဲ့ အထက်တန်းကျောင်းတော်ကြီးဖြစ်တဲ့ အ.ထ.က (၁) အင်းစိန်ကိုလည်း မေ့လို့မဖြစ်ဘူး။ သွားပြီး ကြည့်ရမယ်။ကျွန်တောတို့ ၉တန်း ၁၀တန်းတုန်းက ကျောင်းပြေးရင် ကျော်တဲ့ တံတိုင်းကြီး ကိုမြှင့်ထားပြီလားမသိဘူး။ သနားပါတယ် အခုတက်နေတဲ့ ကျောင်းသားတွေ ကျော်လို့မရတော့ဘူး
13. နောက်ဆုံး လုပ်ချင်တဲ့ ဟာကတော့ ငပလီ ကမ်းခြေကိုသွားချင်တာပါ။ အရမ်းသာယာငြိမ်းချမ်းပြီး ကျွန်တော်သွားနေကြနေရာလေးပါ။ဒါပေမယ့် မဖြစ်နိုင်ပါဘူး။ အခုမိုးရာသီလေ တော်ကြာအပန်းမဖြေရဘဲ ရေနစ်ပြီးနေဦးမယ်
လောလောဆယ်စဉ်းစားလို့ရတာကတော့ ဒါပါပဲ။ နောက်စဉ်းစားလို့ရမှဆက်ရေးဦးမယ်။

Saturday, August 11, 2007
Shopping
မိန်းကလေးနှစ်ယောက် shopping centre သွားခြင်း
မိန်းကလေး ၂ယောက် shooping centre သွားတာကို အခြေခံပြီးရေးမယ့် ဟာလေးပါ။ ရှင်းအောင် မဖြူနဲ့ မနီ လို့ နာမည်ပေးလိုက်မယ်။ မဖြူက ပိုက်ဆံအိတ် သွားဝယ်တယ် ထား။ မနီကတော့ ဖိနပ် သွားဝယ်တယ် ပေါ့နော်။
အဲ့ဒါနဲ့ သူတို့ နှစ်ယောက် ပထမဆုံး ပိုက်ဆံအိတ် ဆိုင်ကို ၀င်သွားတယ်။
မဖြူ ။ ။ ဟဲ့ မနီ ငါ ဘယ်လို ပိုက်ဆံအိပ်ဝယ်ရင် ကောင်းမလဲ ဟင်။
မနီ ။ ။ ဒါလဲ လှတယ် ဟ။ (မနီက ပိုက်ဆံအိတ်တစ်လုံးကို လက်ညိုး ထိုးလိုက်သည်)
မဖြူ ။ ။ ဟင် ဟုတ်လား။
မနီ ။ ။ အင်း။ (သူတို့ပိုက်ဆံအိတ်ကို ကြည့်နေရင်းမှ)
မနီ ။ ။ဟယ် မိဖြူ ဒီမှာလာကြည့်စမ်း။ ဒီဟာက ပိုလှတယ် ဟ
မဖြူ။ ။ အေး ဟုတ်တယ်နော်။ ဒါပေမယ့် အရောင် ကိုငါသိပ်မကြိုကဘူး
မနီ ။ ။အောင်မလေး ကောင်မရယ်။ အရောင် များရွေးလို့ ရပါတယ်
မနီ ။ ။ ရော့ရော့ ဒီအရောင်လေး ကောင်းတယ်
မဖြူ။ ။ အင်း မဆိုးဘူး။ ဟဲ့ နင်သေချာတယ်နော် ဒီအရောင်လှတာ။ ငါနဲ့ လိုက်ရဲ့လားကြည့်ပါဦး
မနီ။ ။တကယ်ပြောတာပါဟ
မဖြူ။ ။ဒါဆို ငါယူလိုက်ပြီနော်
အဲ့ဒါနဲ့ ပဲ မဖြူတစ်ယောက် မနီ ကြိုက်သော ပိုက်ဆံအိပ်အား ၀ယ်လိုက်ပါသည်။
ပြီးတော့ သူတို့နှစ်ယောက် မနီဖိနပ် ၀ယ်ရန် ဖိနပ်ဆိုင်သို့ ၀င်သွားပါသည်။
မနီ။ ။ ဟယ် ဒီဖိနပ်လေး လှတယ်နော်။
မဖြူ။ ။အာ မလှပါဘူး နင်ကလဲ။ လာလာ ဒီမှာ လှတာ။တွေ့လား ဖဲပွင့်လေးနဲ့
မနီ။ ။ဟင်ဟုတ်လား။နင်သေချာတယ်နော်
မဖြူ။ ။သေချာပါတယ်။ ဒါပေမယ့် အဲ့ဒီအရောင်မယူနဲ့
မနီ။ ။ဒီအရောင်လေး လှပါတယ်ဟာ။ နင်ကလည်း
မဖြူ။ ။ မလှပါဘူး။ ဒီအရောင်ယူ။ အနီရောင်လေး ပိုလှပါတယ်။
မနီ။ ။နင်သေချာတယ်နော်။ ငါယူပြီနော်
အဲ့ဒါနဲ့ သူတို့ နှစ်ယောက် ဆိုင်ထဲမှ ပြန်ထွက်လာကြပါသည်။
အပေါ်မှ စာများမှ ထူးခြားချက်ကို သင်တို့ တွေ့ပါသလား။ ကျွန်တော် တွေ့ပါသည်။ မဖြူဝယ်မယ့် ပိုက်ဆံအိတ်ကို မဖြူက သူ့အကြိုက်ဦးစားမပေးဘဲနဲ့ မနီ ကြိုက်တဲ့ ဟာဝယ်ပါသည်။ မနီကြတော့ကော။ မဖြူ ရွေးပေးတဲ့ ဟာကို အတင်းယူလာတယ်။သူကြိုက်မကြိုက်တော့ သူသာသိပါမည်။ ကျွန်တော်တွေးမိတာတစ်ခုကတော့ မိန်းကလေးများ တစ်ခုခုဝယ်ရင် အဲ့ဒီလိုပဲ သူများကိုမေးပြီး ၀ယ်ကြတယ်နဲ့တူတယ်။ သိသောမိန်းကလေးများ ၀င်ရောက် ရန်ဖြစ်… အဲ အဲ မှားကုန်ပြီ။ ၀င်ရောက်ဆွေးနွေးနိုင်ပါသည်။
မှတ်ချက်။ ။မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စေလိုသော အတွေးမရှိပါ။

Wednesday, July 25, 2007
Directionless writing
2007 ခုနှစ် ဒီလ(july) လဟာ ကျွန်တော့်အတွက် တကယ် ကံဆိုးမိုးမှောင်ကျတဲ့လပါ။ ဘာတွေမှားနေမှန်းမသိဘူး။ မှန်အောင်ပြန်ကြိုးစားခဲ့တယ်။ ထပ်မှားတယ်။ စွပ်စွဲတာလဲခံခဲ့ရတယ်။အထင်သေးတာလည်း ခံရတယ်။ ကျွန်တော် ဘ၀မှာ လူတွေ အထင်သေးခံရတာအမုန်းဆုံးပဲ။ ဒါပေမဲ့ဒီတစ်ခါ အထင်သေးခံရတာကို ကျွန်တော် လက်ခံပါမယ်။ ကျွန်တော်ရှေးကပြုခဲ့သော အပြုအမူ တွေကြောင့်ခံနေရတာပါ။စိတ်လည်းပင်ပန်းနေပါပြီ လူလည်းပင်ပန်းနေပါပြီ။ အခုလုပ်ချင်နေတာ တစ်ခုပဲ ရှိတယ်။ ဘောလုံးကန်ချင်တယ်။ဖြေးဖြေးမဟုတ်ပါဘူး။အားပြင်းပြင်းနဲ့ပါ။ ကြုံးတုန်းတစ်ခုပြောရဦးမယ်။အဲ့ဒီ နည်းကို စမ်းကြည့်ပါ။ စိတ်တွေမွန်းကြပ်နေရင် ဘောလုံးတစ်လုံးကို အားပြင်းပြင်းနဲ့ဆက်တိုက်ကန်ကြည့်ပါ။ တော်တော် သက်သာသွားပါလိမ့်မယ်။ မကန်ဘူးတဲ့လူ မကန်တတ်တဲ့လူလည်း စမ်းကြည့်လို့ရပါတယ်။ အခုတော့ ကျွန်တော် ဘောလုံးမကန်နိုင်သေးဘူး။ စာမေးပွဲ အရမ်းနီးလာလို့။
Wednesday, July 18, 2007
Easiest way to type in myanmar
မြန်မာလို ရိုက်ချင်ပေမဲ့ မြန်မာ လို မရိုက်တတ်ဖြစ်နေကြတဲ့လူတွေ အတွက် ကျွန်တော်ဒီ software တစ်ခုရှာတွေ့လို့ link တင်ပေးလိုက်ပါတယ်။ အရမ်းလွယ်ပါတယ်။ burglish လို ရိုက်လိုက် ရင်ပဲ အောက်မှ ရွေးစရာ မြန်မာ စာလုံးများပေါ်လာပါလိမ့်မယ်။ပြီးတာနဲ့ copy to clip board ခလုပ်ကို နှိပ်ပြီး microsoft word မှာ သွားပြီး copy လုပ်လိုက် ရင် အဆင်ပြေ သွားပါလိမ့်မယ်။ link က ဒီမှာပါ။
http://www.studioamk.com/en2mm.htm
http://www.studioamk.com/en2mm.htm
just thinking,
တွေးစရာလေးတစ်ခု
ကျွန်တော် ငယ်ငယ်ကတည်းက တွေးထားတာတစ်ခုရှိပါတယ်။ သူငယ်ချင်းတော်တော်များများကို လည်း ပြောပြဘူးပါတယ်။သူငယ်ချင်းတွေက တော့ အားပေးပါတယ်။ မင်းက ငကြောင် ပဲတဲ့။ ဟုတ်ကဲ့ အဲ့ဒီတော့ စာဖတ်သူတို့ လည်းတွေးပြီး ဆုံးဖြတ်ပေးကြပါဦး။ ဒီမှာပါ
Let says လူတစ်ယောက် lift စီးတယ် ဆိုကြပါဆို့။ ၁၀ထပ်ရောက်ခါနီးမှာ lift က ကြိုးပြုတ်ပြီး အောက်ကို ပြုတ်ကျသွားတယ်။ အဲ့ဒီ လူဘာမှမဖြစ်နိုင်ပဲ ထွက်လာနိုင်မလား။ ဟုတ်ကဲ့ကျွန်တော် ပြောတဲ့အတိုင်း လုပ်မယ်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ lift အောက် ကိုမရောက်ခင်(just before it reaches to base) မှာ အဲ့ဒီလူအပေါ်ကို နည်းနည်း ခုန်လိုက်မယ် ဆိုရင် ဘာမှဖြစ်မှာမဟုတ်တော့ဘူးလေ။ lift ကို သူ ဘာနဲ့မှမထိတော့ဘူးလေ။ ဘယ်လိုထင်ကြသလဲဟင်။ မှန်းလား မှားလား ကျွန်တော်စဉ်းစားတာ။

Monday, July 16, 2007
Thank you
ကျေးဇူးတင်ပါတယ်။
ကျွန်တော် လွန်ခဲ့တဲ့ ၁ ပတ်လောက်တုန်း က ဘာတွေ ကံဆိုးနေမှန်းမသိဘူး။ စိတ်ညစ်စရာတွေအများကြီး ကြုံတွေ့ခဲ့ ရတယ်။ ဘ၀မှာ အဲ့ဒီလောက် ဘယ်တုန်းကမှ စိတ်မညစ်ဖူးဘူး။ ကျွန်တော် ဒီကနေ ထွက်ပြေးချင်စိတ်ပေါက်သွား ရလောက်အောင်စိတ်ညစ်ခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော်စိတ်ညစ်တာကို ဘယ်သူကိုမှ ထုတ်ဖော်မပြောခဲ့ပါဘူး။ ကျွန်တော်ကို နားအလည်ဆုံးလူကလည်း ကျွန်တော် ကို နားလည်မှုမပေးနိုင်ခဲ့ပါဘူး။ ၀မ်းနည်းတယ်။ဒေါသထွက်တယ်။ အဆိုးရွားဆုံးည တုန်းကဆိုရင် ကျွန်တော် စကားတောင် မပြောနိုင်ခဲ့ပါဘူး။
ဒါပေမဲ့ အဲ့ဒီအချိန်မှာ ကျွန်တော့်စိတ်ကို နားလည်ပေးနိုင်ခဲ့တယ် လူတစ်ယောက်ရှိခဲ့တယ်။ ကျွန်တော် သူနဲ့ စကားပြောရတဲ့အချိန်မှာ စိတ်ညစ်တာတွေ ပျောက်သွားတယ်။ ပျော်လာတယ်။ စိတ်တွေ ပြန်လည် အားပြည့်လာသလိုခံစားရတယ်။ အဲ့ဒီလူကို ကျွန်တော် ကျေးဇူးအရမ်းတင်တယ်။ ကျွန်တော်သူ့ကို ဘယ်တော့မှ မေ့မှာ မဟုတ်တော့ပါဘူး။စဉ်းစားကြည့်ကြပါ။ လူတစ်ယောက်မှာ အဆိုးရွားဆုံး ထိခိုက်တာဟာ စိတ်ပိုင်းဆိုင်ရာပါ။ အဲ့ဒါကို ကုစားပေးနိုင်ခဲ့တဲ့ လူကို စာဖတ်သူ တို့ ဘယ်လို သဘောထားမလဲ။ ကျေးဇူး အရမ်းတင်ပါတယ် …….. ရယ်။

Thursday, July 12, 2007
Rebuilding
အိမ်လေးတစ်အိမ် မုန်းတိုက်တိုက်ခံရလို့ ပျက်စီးသွားတယ်။ ပြန်လည် တည်ဆောက်နေတုန်းမှာပဲ ပိုကြီးတဲ့ မုန်တိုင်းတစ်ခု ထပ်ဝင်လာတယ်။အိမ်ပိုင်ရှင်က ပြောတယ်။
“ဟူး ငါပြန်ပြီးထပ်ဆောက်ရဦးမှာပဲ”
သူဘယ်လိုဆောက်ဆောက် မုန်တိုင်းတိုက်နေ ဦးမယ်ဆိုရင်တော့ဘယ်တော့မှဆောက်လို့ပြီးမှာမဟုတ်ပါဘူး
ဝမ်းနည်းနေသောအချိန်တွင်ရေထားတဲ့ စာပါ။
။ ။

Tuesday, July 10, 2007
Nameless
ကျွန်တော့် ဘလော့ နာမည်က my feelings ဆိုပြီးတော့ ကျွန်တော့်ခံစားချက်ကို မတင်ဘူးလာတဲ့ သူငယ်ချင်း က ပြောလာတော့။ကျွန်တော် ပြန်ပြောလိုက်တယ်။ ငါခံစားချက်တွေ တင်ရင် ဖတ်တဲ့လူတွေ ပျင်းလိမ့်မယ်လို့ ပြီးတော့ ငါတစ်ခါတစ်လေမှ ခံစာချက်တွေ တင်မယ်လို့ ပြန်ပြောလိုက်တယ်။
ဒီနေ့ ကျွန်တော့်ရင်ထဲမှာ ရှုပ်နေလို့ ဘယ်နေရာမှာ ဖွင့်ထုတ်ရမှန်းမသိတာနဲ့ ဘလော့မှာ ပဲ ရေးပြီးတင်လိုက်တော့မယ်။
ဒီနေ့ ကျွန်တော် ရင်ထဲက ကျွန်တော် အရမ်းကို ယုံကြည်ထားတဲ့ ယုံကြည်မှုတစ်ခု ပျောက်ဆုံးသွားပြီလို့ ခံစားရတယ်။ ဘယ်လိုပြောရမလဲ ဗျာ။ကျွန်တော် အဲ့ဒီ ယုံကြည်မှုနဲ့ အသက်ရှင်နေတာမဟုတ်ပေမဲ့ အဲ့ဒီယုံကြည်မှု မရှိရင် စင်ကာပူမှာရှိတဲ့ ကျွန်တော့်ဘ၀ဟာ လုံးဝပုံပြောင်းသွားကောင်းသွားနိုင်တယ်။
ဟုတ်ကဲ့ စာဖတ်သူတို့ နားလည်ချင်မှ လည်ပါလိမ့်မယ်။ ဒါပေမဲ့ အရမ်းမွန်းကျပ်နေလို့ ဘလော့မှာရေးလိုက်တာပါ။
။ ။
Saturday, July 07, 2007
My thrid Post
လက်တွေ့ချမ်းသာဆေးနည်း
ကျွန်တော် မနေ့က ဦးဖိုးကျားရဲ့ ကိုယ်တွေ့ များစာအုပ်ကို ဖတ်ပါတယ်။အဲ့ဒီထဲ ဦးဖိုးကျားရဲ့ လက်တွေ့ချမ်းသာဆေးနည်း ကိုတွေ့လို့ ကြိုက်တာနဲ့ အားလုံးဖတ်ရအောင် ဝေမျှ လိုက်တာပါ။ အသုံးဝင်မယ်လို့လည်း မျှော်လင့်ပါတယ်။
ချမ်းသာဆေးနည်း ဆိုလို့ ပိုက်ဆံချမ်းသာတာကိုပြောတာမဟုတ်ဘူးနော်။ စိတ်ချမ်းသာတာကိုပြောတာပါ။ စိတ်ချမ်းသာမှလူချမ်းသာမှာပါ။ ပြောတာနဲ့ လေတောင်နည်းနည်းရှည်သွားပြီ။ ဒီမှပါ
(၁) မိမိစိတ်ဆင်းရဲသော် မိမိထက်ဆိုးသူနှင့် ယှဉ်ကြည့် လျှင်ကသာရာရနိုင်သည်။
(၂) မိမိထက်သာသူကို ကြည့် ၍ စိတ်မကျေမချမ်း စိတ်ဆင်းရဲရသည်ထက် မိမိအောက်နိမ့်သူုကိုကြည့်၍ စိတ်ချမ်းသာရခြင်း ကသာ၍ ကောင်းသည်။
(၃)မိမိအထက်က လူလောက်မချမ်းသာဟု ငြီးငြူနေမည့် အစား မိမိအောက် လူလောက် ဆင်းရဲခြင်းမှလွတ်ကင်းသည်ကို ကျေးဇူးတင်ရမည်။
(၄)မိမိ၌ ဥစ္စာ ပညာဂုဏ် အတော်အတန်ရှိ၍ မာနတက်ကြွ လိုသောစိတ်များပေါ်ပေါက်လာသော် မိမိထက်သာသူတို့ကို ကြည့်၍ မာနကို ချိုးဖျက်နိုင်သည်။
(၅)ဆင်းရဲချမ်းသာသည် အဆုံး၌ စိတ်တွင်တည်၏။ စိတ်ကို နိုင်သလောက် ချမ်းသာရ၏။
အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။

Tuesday, July 03, 2007
Guest
နင်သိလားသူငယ်ချင်း………
ဒီတစ်ခေါက်ငါအိမ်ပြန်တုန်းက ငါ့အဖေကပြောတယ်
ငါ့သမီးလဲဆယ်တန်းအောင်ပြီးကတည်းက
ငါတို့ အိမ်ရဲ့ ဧည့်သည်ဖြစ်နေပြီတဲ့။
သူပြောလဲပြောချင်စရာပဲလေ
ငါအိမ်ကိုပြန်ရောက်တဲ့နေ့ ရဲ့ နောက်မှာ
ငါအိမ်ကပြန်ထွက်မဲ့နေ့ ကလဲကပ်ပါလာတာကိုး။
ခရီးဆောင်အိတ်ဆိုတာ ငါ့အတွက်တော့ဘီဒိုပဲလေ။
တကယ်တော့………
ငါတို့ လူတွေအားလုံးဟာဒီကမ္ဘာ့အိမ်ကြီးကို
အလည်အနေနဲ့ လာတဲ့ဧည့်သည် တွေပဲလို့ တော့
ငါပြန်မပြောဖြစ်ခဲ့ဘူး။ ။
ကျွန်တော် ကို့ အမကြီးတစ်ယောက်ပြောပြတဲ့စကားပါ။
အဲ့ဒီအခါကျ မှာ ကျွန်တော် ဆက်ပြီးစဉ်းစားမိတယ်။သူပြောတာတကယ်မှန်တယ်။ကျွန်တော်တို့ မိဘအိမ်ကနေ အထုပ်ဆွဲ ပြီး ဒီကိုလာပြီဆိုကတည်းက guests တွေဖြစ်သွားပါပြီ။ မွေးကတည်းက အိမ်ရှင်ဖြစ်လာတဲ့ ကျွန်တော်တို့ အဲ့ဒီနေ့က စပြီး အိမ်ရှင်မဟုတ်တော့ပါဘူး။ ဒီကိုလာပြီး ကျောင်းလာတက်ကတည်းက အနည်းဆုံး ၆နှစ်က တော့ ဒီမှာနေရမှာပါ။ အားလပ်ရက်ရလို့ အိမ်ကိုပြန်တော့ကော အများဆုံးနေရ ၁ လပေါ့။အိမ်ကလူတွေကလည်း ပြန်လာတဲ့လူတွေကို ဆက်ဆံ တာ က အရင်လိုမဟုတ်ဘူး။အ၇င်လိုမဟုတ်ဘူးဆိုတာ က အ၇မ်း အလိုလိုက်တာကိုပြောတာ။စာဖတ်သူတို့တော့မသိဘူး ကျွန်တော် တော့ အဲ့လိုမဖြစ်ချင်ဘူး အ၇င်လိုပဲမိသားစုတွေနဲ့ တန်းတူဖြစ်ချင်တာ။အမကြီးပြောတဲ့အတိုင်းပဲ ဟုတ်ပါတယ်။ ကျွန်တော့်တို့ ရဲ့ ဘီဒိုဟာ ခရီးဆောင်အိတ်တွေဖြစ်သွားတာပါ။သူ့အလိုလို ဖြစ်သွားတာနော် လုပ်ယူတာမဟုတ်ဘူး။ပြီးတော့ ကျွန်တော့်တို့ ၁၈ နှစ်လောက်နေခဲ့တဲ့အိမ်မှာ ဘယ်တော့မှ permanant ပြန်နေရမလဲ မသိဘူး။ တသက်လုံးလည်း နေချင်မှ နေရတော့မှာ။ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော့်တို့ရဲ့ဘ၀ဟာဒီမှာဖြစ်သွားပြီလေ။အဲ့ဒါကျွန်တော်မျိုးချစ်စိတ်မရှိလို့ ပြောတာမဟုတ်ဘူး။ကျွန်တော်လည်းကိုယ့်အိမ်မှာ နေချင်တာပေါ့ဗျာ။ ခက်တာက ကျွန်တော်တို့ ဘ၀အတွက် ကျွန်တော်တို့ မပျော်တဲ့နေရာမှာ ဆက်ပြီး ရွက်လွင့်ရဦးမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ တစ်ချိန်ချိန်မှာတော့ အိမ်ရှင်ပြန်ဖြစ် ဦးမှာပါ။ဘယ်မှာလဲတော့မသိဘူး။အဲ့ဒါပြီးရင်တော့ သေချာတာကတော့ ကျွန်တော့်တို့အတွက်စောင့်နေတဲ့ နေရာတစ်ခုရှိပါတယ်။သိပ်တော့မကျယ်ပါဘူး လူတစ်ကိုယ်စာ ပေါ့။ဘယ်နေရာလည်းတော့မပြောတော့ပါဘူး။အားလုံးသိမှာပါ။တကယ်တော့ ကျွန်တော့်တို့ အားလုံးဟာ့ ဧည့်သည်တွေပါ။
မှတ်ချက်။ ။ကျွန်တော့်ကို သူ့ရဲ့စာစုကိုပေးဖတ်ပြီး ယူသုံးခွင့်ပေးတဲ့အမကို လည်းကျေးဇူးတင်ပါတယ်။

Sunday, July 01, 2007
First post.
ကျွန်တော့်ဒီနေ့ ၁၉နှစ်ပြည့်ပါတယ်။ ကျွန်တော့်မှာ ဘလော့ရှိတာကြာပြီပေါ့။၂၀၀၅ ခုနှစ်ကတည်းကပါ။ ဒါပေမဲ့ post ၂ခုပဲရှိပါတယ်။တစ်နှစ်တစ်ခုပေါ့။အကုန် written in english ပါ။အခု ၁၉နှစ်ပြည့်တဲ့ နေ့မှာတော့ အားအားယားယားပြင်းတာနဲ့ ညီငယ်တစ်ယောက်ဆီက အကူအညီနဲ့ ဟိုဟိုဒီဒီ မေးပြီး (မှတ်ချက်- သူငယ်ချင်းတွေက မကူညီသောကြောင့်) ဘလော့မှာ မြန်မာလို့ ရိုက်လို့ရသွားပါပြီ။ဘာတင်ရမှန်းလဲမသိသေးဘူး။ စဉ်းစားတာလဲ ဘာမှမထွက်လာဘူး(ရှိမှမရှိတာ)။ နောက်နေ့တွင်တော့ တင်ဖြစ်အောင်ကြိုးစားလိုက်ဦးမယ်။
Subscribe to:
Posts (Atom)