ကျွန်တော် ၁၀ တန်းတုန်းက ကျွန်တော့်အိမ်မှာ ကျူရှင်ဝိုင်းခေါ်ပါတယ်။ ယောက်ကျားလေး ချည်းပါပဲ။ အားလုံးပေါင်း ၆ယောက်ပါ။ အဲ မျောက်လောင်းကျော်တွေပေါ့ဗျာ။ အိမ်ကထွက်တော့ ကျောင်းကို သွားတယ် ပေါ့။ ဒါပေမယ့် ကျောင်းမရောက်ကြဘူး ၆ယောက် သို့မဟုတ် ၅ ယောက်ပေါင်းပြီး ဂိမ်း ခိုးဆော့ညပါတယ်။ PS 2 ပေါ်ခါစပေါ့ဗျာ။
ကျူရှင်ဆ၇ာမတွေက ယောက်ကျားလေးတွေချည်းဆိုတော့ တွေ့တာနဲ့ ဟောက်တာပဲ အပိုးကျိုးအောင်လို့။ သူတို့ကလည်း ဘယ် ၀ိုင်းက ဘယ်လောက်တော်တာ ဘယ်သူ က အမှတ်များသွားပြီနဲ့ ပြောနေတာ တစ်ချိန်လုံး။ စာကြိုးစားအောင် ပေါ့။ ခက်တာ က မျောက်လောင်းတွေဆိုတော့ ဘယ်လောက်ပြောပြော ၀ိုင်းတွေထဲမှာ အညံ့ဆုံးပေါ့နော် (ဆရာမတွေ ပြောတာပါ ကျွန်တော်တို့ကတော့ အဲ့လိုမထင်ဘူး)။
ဒီလိုနဲ့ ပဲ နောက်ဆုံးစာမေးပွဲကြီးနီးလာတော့ chemistry ဆ၇ာမက ၆ဘာသာ တစ်ခါတည်းဖြေခိုင်းဖို့ ဦးဆောင်လုပ်တယ်။ ၀ိုင်းတိုင်းဖြေပါတယ်။ ကျွန်တော်တို့ပဲ အကြောက်အကန်ငြင်းတာ။ တစ်ကယ့်စာမေးပွဲမဟုတ်တော့ ဖီလင်မပါဘူးလို့။ အဲ chemistry ဆရာမက ပြောသေးတယ်။ တစ်ချို့ဝိုင်းတွေဆို ၁၀၀ နီးပါး ရကြတယ်တဲ့။ ကျွန်တော်တို့လည်းရအောင်မလုပ် အသေပဲတည်း။ ဘယ်ရမလဲ အားလုံးတက်ညီလက်ညီနဲ့ ဆုံးဖြတ်ချက်ချပြီး ဆရာမကို ပြောလိုက်တယ် ၁၀၀နီးပါး ရအောင်ဖြေပေးမယ်လို့ ။ အားလုံး တက်ညီလက်ညီ နဲ့ ဘယ်လိုလုပ်ရမလဲ စဉ်းစားလိုက်တာ အဖြေထွက်လာတယ်။ ဆရာမ ပေးတဲ့ မေးခွန်းကို ဖောက်ကြည့်ဖို့။ ဆရာမက မေးခွန်းကို အိမ်မှာထားခဲ့ပြီး ဖြေမယ့်နေ့ စောင့်မယ်လူတစ်ယောက်လွှတ်လိုက်ပြီး စာမေးပွဲစောင့်ခိုင်းတာပါ။
၆ယောက်သား စာအိပ်လေးကို ဖွင့် မေးခွန်းလေးကို ထုတ်ကြည့်ပြီး မေးခွန်းဟောင်းတွေနဲ့တိုက်တာ ရခိုင်ပြည်နယ်မှာ မေးသွားတဲ့ မေးခွန်းပါ။ မေးခွန်းဟောင်းနဲ့ တိုက်တယ်ဆိုတာက ဖြေမှာက ၂ရက်လောက်ပဲလိုတော့ အဖြေရှာဖို့ အချိန်မရမှာစိုးလို့ပါ။ မေးခွန်းဟောင်းဆိုတော့ အဖြေနောက်မှာပါတယ်လေ။ မေးခွန်းကို စာအိပ်ထဲထည့် ပြီးတော့ စတက်ပလာနဲ့ ဖောက်ရာ လေးအတိုင်း ပြန်ချုပ်။ ဟဲဟဲ
ညှိရသေးတယ်။ ဘယ်သူက ဘယ်နားမှာ မှားပေးဖို့ပေါ့။ အားလုံး ၁၀၀ရရင်ကောင်းဘူးလေ။ ဒီလိုနဲ့ ဖြေလိုက်တာ အားလုံး ၉၇ ၉၈ တွေချည်းပဲ။ ဆရာမကတောင် ချီးကျူးသွားသေးတယ်။ ဟီဟီ။
ဘာရယ်မဟုတ်ပါဘူးဗျာ။ ကျူရှင်ကသူငယ်ချင်းတွေကအဲ့ဒီအချိန်တွေကို သတိရတယ်လို့ ရေးလိုက်တာပါ။
မှတ်ချက်။ ။ ကျွန်တော် အဲ့လို့ မေးခွန်းဖောက်ကြည့်တာ ရှေ့မှာ ၅ခေါက် ၆ ခေါက်လောက်လုပ်ဖူးပါတယ်။ သူတို့ တွေသိကြပါဘူး။ ဟီဟီ။
Monday, March 16, 2009
Wednesday, March 04, 2009
First day in australia
...လင်းထက်... ညဘက် ၇ ၄၀ လောက် Changi Airport Terminal 3 ရဲ့ Departure Hall ထဲကို ၀င်ပြီး Immigration ကို ဖြတ်ပြီးချိန်မှာ ကျွန်တော် နောက်ကိုလှည့်ကြည့်ပြီး ကျွန်တော့်ကို လိုက်ပို့တဲ့ အစ်ကို . ဦးလေးနဲ့ သူငယ်ချင်းသုံးယောက်ကို လက်လှမ်းပြ့ပီး နှုတ်ဆက်လိုက်တယ်။ အဲ့ဒီအချိန်မှာ ရင်ထဲက ခံစားချက်က ပျို့တက်လာတယ်။ ခံစားချက်က မျက်လုံးမှတစ်ဆင့် မထွက်ကျခင် ကျွန်တော်ထိန်းထားနိုင်ခဲ့တယ်။
Waiting Lounge ထဲရောက်ပြီး အမေ့ကို ဖုန်းခေါ်တော့ အမေ့အသံဟာ သူမရဲ့ ၀မ်းနည်းမှုကို ဖော်ပြနေတယ်။ ကျွန်တော်မျက်ရည် ၂ပေါက်လောက်တော့ ကျခဲ့တယ်ဗျာ။
ကျွန်တော် စိတ်ကို တင်းပြီး ထိန်းထားနိုင်တဲ့ အချိန်မှာတော့ airline က last call ခေါ်နေပါပြီ။
ဒီလိုနဲ့ လေယဉ်ပေါ်အရောက် ကျွန်တော့် သူငယ်ချင်း သန့်ဇင်ဦးပေးလိုက်သော စာအုပ်ထဲမှ ဖြိုးသီဟအောင် မြတ်မင်းဟန် သန့်ဇင်ဦးတို့ ရေးထားတဲ့ အမှတ်တရ စာသားတွေက ကျွန်တော့်ကို စင်ကာပူပြင်ပမှ ဘ၀ရဲ့ ပထမဆုံးအပြုံးကို ဖြစ်ပေါ်စေခဲ့တယ်။
A380 လေယဉ်ကြီး ဝေဟင်ပေါ်ပြန်ဝဲတော့ စင်ကာပူနိုင်ငံကြီးကို ပြပြပဲမြင်ရတော့တဲ့ အချိန် ကျွန်တော့်ဘ၀ကို မြှင့်တင်ပေးခဲ့သော အမှတ်တယ များစွားပေးခဲ့သော နေရာအား ပါးစပ်မှ BYE BYE SINGAPORE လို့ ထွက်သွားသာ လွန်မယ်မထင်ပါဘူးဗျာ။ ဘေးနားက သြစတြေးလျလူကြီး တစ်ချက် ပြုံးသွားတာကိုလည်း ကျွန်တော် တွေ့လိုက်ပါတယ်
A380 လို့သာပြောတယ်။ လေယဉ်ထိုင်ခုံ က silk air နဲ့ သူမသာ ကိုယ်မသာပါပဲ။ ဒါပေမယ့် ရှေ့မှာ တီဗီပါပြီးရုပ်ရှင်တော်တော်များများကြည့်လို့ရပါတယ်။ အဲ့ဒီ ထိုင်ခုံပေါ်မှာ ကျွန်တော် ဟိုလှည့်ဒီလှည့်နဲ့ပဲ ပျံသန်းချိန် ၈နာရီ လောက်ကို ကုန်ဆုံးစေခဲ့တယ်။ သြဇီစံတော်ချိန် ၇နာရီ ၁၅လောက် အရောက်မှာ နေရောင်သန်းလာပြီး တိမ်တွေပေါ်ဖြာကျနေတဲ့ အလှကို ခံစားစေတဲ့ အချိန်မှာပဲ လေယဉ် ဆင်းပါတော့မယ်ဆိုတဲ့ ကတ်ပတိန်ရဲ့ အသံနဲ့အတူ လေယဉ်ကြီး Sydney လေယဉ်ကွင်းကို ဆင်းသက်ခဲ့တယ်။
လေယဉ်ပေါ်ကအဆင်းမှာ ကျွန်တော်တစ်ညလုံးမအိပ်ရသေးပေမယ့် ခေါင်းကကြည်လင်နေတယ်။ Sydney airport က Changi airport နဲ့စာရင်တော့ ယှဉ်လို့မရပါဘူး။ ဒီလိုနဲ့ လင်းထက် တက်စ်စီစီးပြီး တည်းခိုးခန်းကို ရောက်တော့ ၈ ၄၅လောက်ပါ။ ကျွန်တော်နေမဲ့ အခန်းက လူက ၁၁ နာရီလောက်မှ ထွက်မှာဆိုတော့ luggage ကြီးကိုအပ်ထားပြီး အနီးအနား လျှောက်ကြည့်ဖြစ်တယ်။ အင်တာနက်ဆိုင်တွေ့တော့ ၀င်သုံးပြီး ညက မန်ယူ ကန်တဲ့ အဖြေကို ကြည့် ပြီးတွေးမိတယ်။ သြော်ငါ စင်ကာပူကနေ ထွက်တာနဲ့ သူတို့ ဂိုးစပေးရပြီလို့။ ဘာမှလဲမဆိုင်ဘူး။ အော်ဒါနဲ့ အင်တာနက်က တစ်နာရီ တစ်ကျပ်ပါ။
ပြီးတော့ အနားက ကော်ဖီဆိုင်တစ်ဆိုင်မှာ ၀င်ထိုင်ပြီး မနက်စာစားဖို့ MENU ကို ကြည့်တဲ့ အချိန်မှာ မျက်လုံးပြူးသွားပါတယ်။ ဘယ်နဲ့ မနက်စာကို ၁၀ဒေါ်လာ လောက်သုံးရမယ်ဆိုတော့ မဖြစ်ဘူးဆိုပြီး ကျွန်တော် ၃ ကျပ်တန် COFFEE LATTE တစ်ခွက်ပဲ ၀ယ်သောက်ဖြစ်တယ်။ ဒီမှာ စင်ကာပူထက် ဈေးသက်သာတာဆိုလို့ အဲ့ဒီ COFFEE တွေပဲရှိမှာပါ
၁၁နာရီလောက် အခန်းထဲကို အရောက် အိပ်ယာပေါ် လှဲလိုက်ပြီး ခေါင်းထဲစဉ်းစားလိုက်တော့ မဖြစ်သေးပါဘူးဆိုပြီး အိမ်ကထုတ်လာတဲ့ အိမ်ကြော်ငြာစာရွက်တွေထဲက ဖုန်းနံပါတ်ကို လိုက်ဆက်ကြည့်ပါတယ်။ နေစရာရှာရမယ်လေ။ သင့်တော်တဲ့ တတ်နိုင်မယ့် အိမ်တွေကို ဖုန်းဆက်တော့ တစ်အိမ်က ၂နာရီလောက်လာကြည့်ဆိုတော့ လင်းထက် အချိန်ကြည့်လိုက်တော့ ၁ ၁၅ ရှိနေပါပြီ။ သူက ၁၅မိနစ်လောက်ပဲလျှောက်ရမယ် ကျောင်းကနေ ဆိုတော့ ကျွန်တော် အေးအေးဆေးဆေး ရေချိုးပြီး ၁ ၄၀လောက် အပြင်ထွက်ခဲ့ပါတယ်။ မြန်မာပြည်နဲ့ တူတယ်ဗျာ ပတ်ဝန်းကျင်က ။ ပြီးတော့ လမ်းကူတာလဲ မီးပွိုင့်ကလိုဘူး ဒီတိုင်တွေ့တဲ့ နေရာရှင်းတဲ့နေရာကကူးလို့ရတယ်။
နေ့လည်စာမစားရသေးတဲ့ အတွက် ဗိုက်ကလဲ ဆာနေပါတယ်။ အဲ့ဒါနဲ့ လျှောက်လိုက်တာ ၁၅မိနစ်လောက်သာကြာတယ် အိမ်ကို မတွေ့တဲ့ အတွက် ဘတ်စ်ကားဂိတ်အရောက် ဆိုက်လာတဲ့ ဘတ်စ်ကားက ကားမောင်းသူကို မေးလိုက်ပါတယ်။ သြဇီကြီးဟုတ်ဘူး။ INDIA ကနဲ့တူပါတယ် လိပ်စာပြတော့ေ၇ှ့နားမှာတဲ့။ ဒါနဲ့ ကျွန်တော် ရှေ့နားလျှောက်တာ နောက် ၃၀ မိနစ်လောက်လျှောက်လိုက်ရပါတယ်။ အဲ့ဒီတော့မှ အိမ်ကိုတွေ့ပါတယ်။ ဟူး
အခန်းကို မကြိုက်တာနဲ့ နောက်မှ ဖုန်းပြန်ဆက်မယ်ဆိုပြီး ပြန်ထွက်တော့ ဘတ်စ်ကားဂိတ်တွေ့တာနဲ့ ဘတ်စ်တက်စီးပါတယ်။ သြဇီမှာလည်း ဘတ်စ်ဘယ်ချိန်လာမယ်လို့ ပြထားပါတယ်.။သူတို့က စာရွက်လေးနဲ့ပါ။ ဘယ်ကား ဘယ်ချိန်ဆိုတာ။ တစ်နှစ်ပတ်လုံးနေ့တိုင်းအဲ့ဒီအချိန်လာမယ်ပေါ့။ အင်းပေါ့လေ သူတို့သေချာပြောနိုင်မှာပေါ့ ဘတ်စကားက လမ်းမှမပိတ်တာ။ ဒီမှာက လက်မှတ်နဲ့ ပါ ဘတ်စ်က။ ဒါပေမယ့် အမျိုး၂ရှိပါတယ်။ အပြာေ၇ာင်ဆို ကိုယ်နေတဲ့ အပိုင်းမှာပဲ စီးလို့ရတယ်။ ဥပမာ East ဘက်ကနေ North ဘက်ကို သွားမယ်ဆို တခြား အေ၇ာင်ပေါ့။
တည်းခိုးခန်းမရောက်ခင်လေးမှာ မက်ဒေါနယ် တွေ့တော့ ဆင်းပြီး စားပါတယ်။ Big Mac မှာပြီးသူတို့ ပေးတော့ ကျွန်တော် အချဉ်တောင်းတယ။် အချဉ်လိုချင်ရင် ပိုက်ဆံပေးရမယ်ဆိုတော့ ကျွန်တော် ဘေးနားကစားနေတဲ့ လူတွေကို အကဲခတ်လိုက်တယ်။ သူတို့လေးအချဉ်နဲ့စားနေကြတာမဟုတ်တော့ ကျွန်တော်လည်း ထပ်မတောင်းဘဲ လွတ်နေတဲ့ စားပွဲတစ်ခုမှာ ၀င်ထိုင်ပြီး စားပါတယ်။ Big Mac သာဆိုတယ် ၅ကိုက်လောက်ပဲ ကိုက်လိုက်ရတယ်။ ကုန်သွားတယ်။ တည်းခိုးခန်းပြန်ရောက်တော့ ကွန်ပြူတာနဲ့ နောက် အိမ်သွားကြည့်ရမယ်နေရာကို ကြည့် ပြီးတော့ ဟိုလုပ်ဒီလုပ် လုပ်လိုက်တာ ၅နာရီထိုးသွားပါတယ်။
ငါးနာရီခွဲချိန်ထာလို့ ဒီတစ်ခေါက်တော့ ဘတ်စ်နဲ့သွားလိုက်တာ တည့်တည့်ရောက်သွားပါတယ်။ ဒါပေမယ့် သူတို့ပြတဲပ အခန်းက တံခါးတောင်မရှိပါဘူး။ ဒါနဲ့ ခနပဲ ကြည့်ပြီး တည်းခိုးခန်းကိုပြန်ရောက်တော့ ၇ ၃၀ ပါပြီ။
ညစာဘာမှမရှိတာနဲ့ ပထမဆုံး ညစာကို cup noddle နဲ့ပဲ ဖြတ်သန်းခဲ့ပြီး အိပ်ချင်လာလို့ စောစောအိပ်ရာဝင်ခဲ့ပါတယ်။ ဟူး မောတယ်ဗျာ။ ဒီနေ့ ။` ။

Monday, October 13, 2008
nothing special
နံနက်ခင်းတိုင်းဟာ မလှပသလို
ညနေတိုင်းဟာလည်း အရုပ်ဆိုးမနေပါဘူး
အဲ့ဒီလိုပဲ နေ့ရက်တွေကလည်း မညီမညာနဲ့ ကုန်ဆုံးနေဦးမှာပါ
ညနေတိုင်းဟာလည်း အရုပ်ဆိုးမနေပါဘူး
အဲ့ဒီလိုပဲ နေ့ရက်တွေကလည်း မညီမညာနဲ့ ကုန်ဆုံးနေဦးမှာပါ
Tuesday, September 30, 2008
HAPPY BIRTHDAY MY SIS
ဇန်န၀ါရီ လလောက်နဲ့တူပါတယ်။ ကျွန်တော့် FYP project က Research and Development အပိုင်းမှာပါတော့ ဆရာက ပြောတယ် ကျွန်တော်တို့ Deparment က R&D project ၂ခုရွေးမယ်တဲ့။ ပြီးရင် အခြား Department တွေက အလားတူ project တွေနဲ့ ထပ်ပြိုင်ပြီး SP ကိုယ်စားပြု ၂သင်းရွေးမယ်။ သေချာလုပ်ပါလို့ အကြံပေးပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ ကျွန်တော့်တို့ FYP က School of Built Enviroment ရဲ့ ကိုယ်စားပြုရွေးခံရပါတယ်။ အကျိုးဆက်ကတော့ SP ရဲ့ Directors တွေကို presentation လုပ်ပြီး အခြား Department က project တွေနဲ့ ပြိုင်ရပါတယ်။ အခန်းက Directors board room လို့ထင်ပါတယ်။ ကျွန်တော် သွားကြည့်တော့ အခန်းရဲ့ ခမ်းနားချက်က ကျွန်တော့်ကို တုန်လှုပ်စေပြီး စိုးရိမ်စိတ်တွေ ၀င်လာပါတယ်။ အစကတည်းက ပြာတတ်တဲ့ ကျွန်တော့် ပိုဆိုးတာပေါ့ဗျာ။ ဆရာကလည်းပြောပါတယ် မျှော်လင့်ချက် သိပ်မထားပါနဲ့တဲ့ School of MM ကို ယှဉ်နိုင်ဖို့ မလွယ်ပါဘူးတဲ့။ သူတို့တွေတော်တော် များများက prototype တွေထုပ်ပြနိုင်တယ်တဲ့။ အင်းပေါ့ R&D ဆိုမှတော့ prototype ရှိတဲ့လူပိုသာမှာပေါ့။ ဒီလိုနဲ့ပဲ တကယ်နေ့ကို ရောက်လာပါတယ်။ လင်းထက်လည်း ပြာယာခတ်နေတာပဲ။ အဲ့ဒီအချိန်မှာ ကျွန်တော့် project လုပ်ဖော်ကိုင်ဖက်က အေးအေးပါပဲ ။ ကြည့်ရတာ ဘာစိုးရိမ်းစိတ်မှမ၀င်သလိုပါ။ သူက ပြာယာခတ်နေတဲ့ ကျွန်တော့်ကို စကားတစ်ခွန်းပြောပါတယ်။ “ငါတို့ လုပ်နိုင်သလောက်လုပ်ထားပြီးပြီ။ ဘာမှ ပူမနေပါနဲ့။ မရလဲ စောစောပြီးတာပေါ့လို့ ပြောတယ်။ အေး၂ဆေး၂ သာလုပ်ပါတဲ့” ကျွန်တော်သူပြောတဲ့စကားနဲ့ သူ့ပုံစံကိုကြည့်ပြီး အတတ်နိုင်ဆုံးစိတ်ကို လျှော့ချပါတယ်။ calm down လုပ်တာပေါ့။ ဒီလိုနဲ့ပဲ ကျွန်တော် ကျွန်တော့်ရဲ့ SP student life တစ်လျှောက် ကျွန်တော့်ရဲ့ အကောင်းဆုံး presentation တစ်ခုကို တည်တည်ငြိမ်ငြိမ်လုပ်နိုင်ခဲ့ပါတယ်။ သူသာ အဲ့လို့ ကျွန်တော့်ကို မပြောခဲ့ဘူးဆိုရင် လင်းထက် အရင်လို ပဲ ထစ်ထစ်ငေါ့ငေါ့ ဖြစ်ခဲ့မှာပါ။ အဲ့ဒီအချိန်မှာစပြီးအရာရာကို calm down လုပ်ပြီး ရင်ဆိုင်ခဲ့ပါတယ်။
ဒီနေ့ သူ့မွေးနေ့ပါ။ ကျွန်တော်ဒီကနေပဲ ဆုတောင်းလိုက်ပါတော့မယ်။
“အမ မွေးနေ့မှာပျော်ရွှင်ပါစေလို့ ကျွန်တော် ဒီကနေပြီးဆုတောင်းလိုက်ပါတယ်။”
ဒီနေ့ သူ့မွေးနေ့ပါ။ ကျွန်တော်ဒီကနေပဲ ဆုတောင်းလိုက်ပါတော့မယ်။
“အမ မွေးနေ့မှာပျော်ရွှင်ပါစေလို့ ကျွန်တော် ဒီကနေပြီးဆုတောင်းလိုက်ပါတယ်။”
Tuesday, September 02, 2008
Where are you?
လင်းထက်ဆိုတဲ့ လူတစ်ယောက် လင်းထက်ဆိုတဲ့ ကိုယ်ထဲမှ ပျောက်ကွယ်ခဲ့တာ ကြာပါပြီ။ သူ အမှတ်မထင် ထွက်ခွာသွားတယ်။ တိတ်တိတ်လေးပေါ့။ ပိုင်ရှင်မသိတာလဲပါမှာပါ။ သိလိုက်ရတဲ့အချိန်မှာတော့ မရှိတော့ဘူး။ ခွန်အား ဘယ်တော့မှ အရှုံးမပေးတဲ့ စိတ်ခွန်အား တစ်ခု ကို လင်းထက်က လင်းထက်ဆီက ယူပြီးထွက်သွားတယ်။ ဒါပေမယ့် ပိုင်ရှင်လင်းထက် သူ့ဆီမှာ ရှိတဲ့ အကြွင်းအကျန် ခွန်းအားနဲ့ ထွက်သွားတဲ့လင်းထက် ပြန်လာအောင်လုပ်ခဲ့တယ်။ တစ်ဖြည်းဖြည်းနဲ့ သူ ပြန်လာပြီလို့ထင်ခဲ့တယ်။ ပိုင်ရှင် လင်းထက် ပျော်တယ်။ ဒီတစ်ခါလည်း သူ သူ့ဘာသာသဲူပြန်ထနိုင်ပြီပေါ့။ ဒါပေမယ့် အချိန်ကြာလာတော့ ပိုင်ရှင်လင်းထက် သဘောပေါက်လာတယ်။ ပြန်လာသောလင်းထက် ကအတုကြီး။ အရင်လို့ မဟုတ်တော့ဘူး။ ခနခနလဲပြိုကျလာတတ်တယ်။ energetic မဖြစ်တော့ဘူး။ aggressive တွေ လျှော့လာတယ်။ careless အရမ်းဖြစ်တတ်လာတယ်။ Friendly မဖြစ်တော့ဘူး။ စိတ်ရှည်တတ်တဲ့လင်းထက် အနားမှာ စကားကျယ်ကျယ်လာပြောရင်တောင် စိတ်တိုတတ်လာတယ်။ မင်းဘယ်တော့ပြန်လာမှာလဲ လင်းထက်ရယ်။ ကြာရင် ငါပျောက်ကွယ်သွားမလားမသိဘူး။ ဟုတ်တယ်။
Monday, September 01, 2008
...
နင်ဟာ ငါ့အတွက် ထူးဆန်းလှပတဲ့ ကဗျာတစ်ပုဒ်ဖြစ်ပေမယ့် ငါဟာနင့်အတွက်တော့ အပြစ်အနာအဆာတွေပါတဲ့ ကာရန်မဲ့ ကဗျာတစ်ပုဒ်တောင်မဟုတ်ဘူးနဲ့တူပါတယ်
Tuesday, August 19, 2008
Memories of HIgh School Student's life 2
အားလုံးသိကြမှာပါ။ ကျွန်တော်တို့ကျောင်းတွေမှာ နှစ်တိုင်း စိမ်းလန်းစိုပြေရေးနေ့ ဆိုတာရှိပါတယ်။ တခြားကျောင်းတွေတော့မသိဘူး။ ကျွန်တော်တို့ အင်းစိန် အထက ၁ ကတော့ အဲ့ဒီနေ့ဆို ကျောင်းသွားတွေအားလုံးကို သစ်ပင်တွေ ပေါက်တူးတွေယူလာခိုင်းပြီး သစ်ပင်စိုက်ခိုင်းပါတယ်။ အပင်မျိုးစုံပေါ့။ ကျွန်တော် ၈ တန်းနှစ်တုန်းကပေါ့။ စိမ်လန်းစိုပြေ ရေးနေ့ မှာ မြို့နယ်ပညာရေးမှူး လာမယ်လို့ အတန်းပိုင်ဆရာမက ပြောပါတယ်။ အဲ့ဒီတော့ အဲ့ဒီနေ့ရောက်ရင် ၉ တန်း ကျောင်းသားတွေက ပေါက်တူးတူးပြီး အပင်စိုက်ထားရမယ်။ ၈တန်းကျောင်းသူကျောင်းသားတွေက ပညာရေးမှူးလာရင် ဟန်ပြ သစ်ပင်စိုက်နေတဲ့ပုံလုပ်ရမယ်တဲ့။ အိုကေပေါ့။ အဲ့ဒါနဲ့ အဲ့ဒီနေ့ ပညာရေးမှူးလာပြီလို့ အချက်ပြတာနဲ့ ကျောင်းသူကျောင်းသားအားလုံး ကိုယ်သတ်မှတ်ထားတဲ့ အပင်ဆီကိုပြေးပြီ ဟိုလုပ်ဒီလုပ် ယောင်ချာချာလုပ်နေကြတယ်။ လင်းထက်လည်း သတ်မှတ်ရာ အပင်ကိုပြေးတာပေါ့။ ကံဆိုးချင်တော့ ပညာရေးမှူးက ဟိုကြည့်ဒီကြည့်လုပ်ပြီး ကျွန်တော့်နားရောက်လာပါတယ်။ သူ့မျက်နှာကြည့်ရတာ ကျေနပ်နေတဲ့ပုံပါပဲ။ ကျွန်တော်လည်းသူ့ကိုမော့ကြည့်ပြီး ပြုံးပြလိုက်တယ်။ အဲ့ဒါမှားတာပါပဲ။ သူက ကျွန်တော့်ကို မေးပါတယ်။ မင်းစိုက်ထားတဲ့ အပင်ဘာပင်လဲတဲ့။ ကျွန်တော်လည်း သေပြီဆရာ။ သိမှမသိတာ။ ဘာဖြေရမလဲ စဉ်းစားတာပေါ့နော်။ နောက်က ဆရာကြီးမျက်နှာကလည်း ရှိသေးတယ်။ မသိဘူးလို့ ဖြေလိုက်ရင် ကျောင်း သိပ်ခါ ကျသွားမယ်။ ဘယ်ရမလဲ ချက်ချင်းပြန်ဖြေလိုက်တယ်။ “ကျွန်တော် စိုက်ထားတာ သစ်ပင်ပါလို့” ပညာရေးမှူးလည်း ပြုံးစိပြုံးစိနဲ့ပဲ ပြန်ထွက်သွားပါတယ်။ ဘယ်ရမလဲ လင်းထက်ပဲ။ ဟဲဟဲ။
မှတ်ချက်။ နောက်နေ့ကျတော့ အတန်းပိုင်ဆရာမက ဆူပါလေရော။
မှတ်ချက်။ နောက်နေ့ကျတော့ အတန်းပိုင်ဆရာမက ဆူပါလေရော။
Subscribe to:
Posts (Atom)